sequel episode 6 unicode

779 76 1
                                    

ထို့ကြောင့်....(sequel) (episode 6)
-------------------------------

ဦးဇိနဘုရား၏ အရှေ့ဘက်စောင်းတန်းမှကြည့်လျှင် တောင်ေခြရှိ ဘူတာကြီးကို ခန့်ခန့်ညားညားဖြင့် ဟီးခနဲမြင်တွေ့ရပေမည်။ မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှသော လွင်ပြင်ကြီးသည်လည်း ထီးထီးကြီးပင်။ မနက်အရုဏ်ဦးကို ဒီတောင်ပေါ်ကကြ့ည့်လျှင် သိပ်သာယာဖို့ကောင်းသည်။ လွင်ပြင်ကျယ်ကြီးထက်၌ မြူများတစ်ရိပ်ရိပ်ရွေ့နေသော မြူပင်လယ်ကြီးနှင့် ရွှေဝါရောင်နေခြည်နုနုသည် သိပ်လိုက်ဖက်လွ၏။ ခုတော့ မွန်းတည့်ချိန်ဖြစ်၍ မြူများဆိုင်းနေခြင်းမရှိပါ။ အရှေ့ခပ်ယွန်းယွန်းက အတၳရံတံတား တိုင်မ်ားကို မပီမဝါးမြင်တွေ့ရသည်မှာလည်း လွမ်းမောစရာတစ်ခုပင်။

ကျွန်တော်တို့သည် အရှေ့ဘက်စောင်းတန်းရှိ ဇရပ်တစ်ခုထဲအရိပ်ခိုဝင်ထိုင်ရင်း ထိုလွင်ပြင်ကြီးကို တစ်ေမ့တစ်ေမာ ငေးကြည့်နေမိသည်။

"သိပ်လွတာပဲနော်...ရူပိုင်..."

အသာက ကျွန်တော့်နာမည်ကိုခေါ်ပြီး တမ်းတမ်းတတလေးပြောလာသည်။

"ငါ့နာမည်သိသွားပြီလား..."

"သိတာပေါ့ ငါ့မေမေပြောပြထားတာကို၊ တမင်မခေါ်ချင်လို့မခေါ်တာ..."

တမင်မခေါ်ချင်လို့တဲ့လား...။ မင်းဟာလေ သိပ်ဆိုးတဲ့ကောင်လေးပဲ။

"ဒေါ်ဒေါ်က ဘာတွေပြောထားသေးလဲ...."

"မင်းနဲ့ငါက အရမ်းခင်ကြတာပဲတဲ့...၊ ဒါပေမဲ့လေ..."

အသာက စကားကိုခနရပ်ပြီး ငေးနေရာမှ ကျွန်တော့်ဘက်လှည့်လာသည်။ မျက်ဝန်းများသည်စူးရှနေပြီး ရွှန်းရွှန်းလဲ့လဲ့နှင့် တစ်ခုခုကို အရဲစွန့်ပြောချင်နေသလို...။

"ငါ့စိတ်ထဲ တစ်ခုခုပဲ...၊ မင်းနဲ့ငါအရမ်းရင်းနှီးသလို ခံစားရတယ်၊ ရင်းနှီးတာထက်ပိုရင်လည်းပိုမွာပေါ့လေ၊ မပြောပြတတ်ဘူး...၊ မင်းနဲ့ဆို ပျော်ဖို့ကောင်းတာတော့သိတယ်..."

အို...ဒါကျွန်တေ့ာ်မျှော်လင့်ချက်ရဲ့ အရိပ်အယောင်တစ်ခုပဲမဟုတ်လား။

မထင်မှတ်ထားသည့် စကားကိုကြားလိုက်ရ၍ အာစေးမိသလို နှုတ်ခမ်းလေးဟာလျက် အသာ့ကိုထွေထွေကြီး ငေးကြည့်နေမိသည်။

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora