sequel episode 24 uni

1.6K 70 1
                                    

ထို့ကြောင့်.....sequel episode (24)
------------------------------

မိုးသားမ်ား အနည်းငယ်ငြိမ်သွားသော်လည်း မှိုင်းညို့ညို့တိမ်လိမ့်ကြီးက အနောက်ဘက်ယွန်းယွန်းတွင်အုံ့ဆိုင်းနေသေးသည်။ နေလုံးကြီးသည် အနီရဲရဲတောက်လောင်နေပြီး ထိုတိမ်လိမ့်ကြီးနောက်ကွယ်တွင် မပေါ့တပေါ် တောင်စွယ်အတွင်းခိုဝင်ရန် ကြိုးစားနေသည်။ ချမ်းစိမ့်စိမ့် ခံစားမှုနှင့်အတူ မြေသင်းနံ့ခပ်သင်းသင်းကလည်း ကျွန်တော့်စိတ်အာရုံအတွင်း အရသာထူးကဲနေသည်။ ဒီအခြေအနေဟာ ကျွန်တော်သိပ်ကြိုက်တဲ့အခြေအနေပဲ။

လက်ပြတ်ကလေးဖြင့် နေနေသော ကျွန်တော့်ကို အသာက ဆွယ်တာတစ်ထည်ဝတ်ပေးသည်။ ပြီးနောက် လက်ဖဝါးနှစ်ဖက်ကို ခပ်ဖွဖွကလေးဆုပ်ကိုင်ပြီး " အေးနေတာပဲ " စိုးရိမ်မကင်းငြီးရှာသည်။

" မိုးတိတ်ပြီ ငါတို့ခုသွားကြရအောင်လေ....."

" မင်းအေးနေမလားလို့....."

" ငါမင်းအနောက်ကလိုက်ထိုင်မှာပဲဟာ....."

" အိုကေလေ...မင်းအဆင်ပြေရင်ပြီးတာပဲ....."

" ဒါနဲ့ ဘယ်မှာချိန်းထားတာလဲ....."

" ဘိုးဘွားရိပ်သာရန်ပုံငွေဆိုင်....."

ကျွန်တော် တွေတွေကလေးငေးငိုင်သွားရသည်။ ဒီဆိုင်ကလေးက ကျွန်တော်နှင့်အသာကြားအမှတ်တရများစွာရှိခဲ့သည်မဟုတ်လား။ အသာနှင့်အတူ စားဖြစ်ခဲ့သည့် ဒီဆိုင်ကအာလူးကြော်လေးကိုပင် ဘဝမွာ အရသာအရွိဆုံးဟု မှတ်ယူထားသည်အထိ ဒီဆိုင်လေးအပေါ်ကျွန်တော်အစွဲအလန်းကြီးခဲ့သည်။ ဒီဆိုင်ကလေးတွင် အသာသည် ကျွန်တော့်အတွက်နဲ့ သူ့ကောင်မလေးကို လစ်လျူရှူခဲ့ဖူးသည်။ နောင်နှစ်တွေကြာလာတော့ ဒီဆိုင်ကလေးမှာပဲ သူ့ဇနီးလောင်းအတွက် ကျွန်တော့်ကိုလစ်လျူရှူခဲ့ဖူးလေသည်။ ကြည်နူးနာကျင်ခြင်းတွေ ရောပြွန်းနေတဲ့ ဒီဆိုင်အတွင်း အသာဟာ ဘယ်လိုခံစားချက်အသစ်တွေကိုမွေးထုတ်ပေးဦးမလဲ ကျွန်တော်မတွေးတတ်။

ဆယ်နှစ်ကြာမျှဝေးကွာခဲ့ရသော အခြေအနေတစ်ရပ်ကို ပြန်ကြုံကြိုက်မိသောအခါ ကျွန်တော်တစ်လှပ်လှပ်နှင့် ရင်အခုန်မြန်လာသည်။ ခုချိန်ထိ အသာဟာ ကျွန်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်တွေဖန်ဆင်းပေးနိုင်တုန်းပါပဲလား။ သူ့အနောက်တွင် ကပ်ရပ်ထိုင်လျက် သူ့ကျောပြင်ကို လိုချင်တပ်မက်စွာ ပါးအပ်လိုက်သည်။ စူးရွရွ သူ့ကိုယ်သင်းရနံ့သည် ယခင်အတိုင်း လတ်ဆတ်နေဆဲ။ အလျင်အချိန်တွေတုန်းကလို သူ့အနွေးထည်အိတ်ကပ်ထဲ ကျွန်တော့်လက်ဖဝါး နှိုက်ထားရန် မဝံ့မရဲဖြစ်မိနေသည်။ အိတ်ကပ်အဝကို လက်ချောင်းကလေးဖြင့် တို့ထိရင်းကျွန်တော် စိုးထိတ်နေမိသည်။

ထို့​ကြောင့်​...........(based on true story)Hikayelerin yaşadığı yer. Şimdi keşfedin