နိဂုံး
----ကျွန်တော့်မျက်နှာပေါ်သို့ အရှိန်ပြင်းပြင်း တိုးဝင်လာသော ကားအဲလ်ကွန်းမှ လေတဖြူးဖြူးကြောင့် အိပ်စက်နေရာမှ လန့်နိုးလာပေသည်။ ရင်ထဲတွင် အစိုင်အခဲတစ်ခုခုတစ်စို့နေသလို မွန်းကြပ်၍ လေးလံနေ၏။ အဲလ်ကွန်းလေက စိမ့်နေအောင် အေးသော်လည်း ကျွန်တော့်ရင်တစ်ခုလုံးက ပူလောင်နေပေသည်။ အစာရေစာပြတ်လတ်သော လူမမာတစ်ဦးနှယ် နုန်းချိကာ ဘေးတစ်စောင်းမှီအိပ်နေရာမှ ကားမှန်အပြင်ဘက် လမ်းတစ်ဖက်ကို ငေးကြည့်နေလိုက်သည်။ ကျွန်တော်ဖွင့်ပြောမည့် ခံစားချက်များကြောင့် စိတ်လေးနေတာဖြစ်မှာပါ ဟုဖြေလျော့ပြစ်လိုက်သည်။ ငါထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲ အသာ...။ ငါ့ကို ပြောပြပေးပါဦး။
ထင်သလိုမဖြစ်လာသည့်အခြေအနေတွေကို ကျွန်တော်တို့ ကြုံခဲ့ပြီးပြီပဲ ကံတရားက ဒီတစ်ကြိမ်တော့ညှာတာဖို့သင့်ပါသည်။ တွေးမိတွေးရာငေးမောရင်း ထိုညက အိပ်မပျော်နိုင်ခဲ့ပါ။ အပြင်ကိုငေးရင်းလိုက်ပါလာရာမှ တံတားမီးရောင်ကို မြင်တွေ့လိုက်ရ၍ မုတ္တမရောက်ပြီမှန်းသတိပြုမိသည်။ မနက်ငါးနာရီခန့် ရောင်ခြည်မပျိုးသေးသောကြောင့် မှောင်မိုက်မှုက ကြီးစိုးနေတုန်းပင်။
တီ....တီ....တီ
ဖုန်းမြည်သံနှင့်အတူ စခရင်ပေါ်ပေါ်လာသော အသာ၏အမည်ကိုကြည့်ရင်း ရင်ထဲတစ်ဒိတ်ဒိတ်ပင်။ အရင်အခါများက အသာနှင့်ဆုံရမည်ဆိုလျှင် လူကိုပေါ့ပါးလန်းဆန်း၍ ရင််ခုန်စေသည်။ ခုတစ်ခါကျ လေးလံထိုင်းမှိုင်း၍ ရင်ခုန်ရသည်။ ကျွန်တော်ကြောက်ရွံ့နိုင်မည့်စကားလုံးတွေကို သူဖွင့်မပြောဘူးထင်ပါရဲ့နော်။ ကျွန်တော်ဖုန်းကိုင်လိုက်ရမလား။ ဟင့်အင်း....ဘာကြောင့်မှန်းမသိပေမဲ့ ကျွန်တော်သိပ်ကြောက်နေမိတယ်။
VOCÊ ESTÁ LENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst