sequel episode 23 uni

794 51 1
                                    

ထို့ကြောင့်....sequel (episode 23)
------------------------------

မေမေဟာ သိပ်ကိုပိန်ပါးသွားသည်။ ရောဂါရဲ့ထုထောင်းမှုနှင့်အတူ ကျွန်တော့်အတွက်ပူပန်မှုများကိုပါ ရောပြွန်းခံစားနေသောကြောင့် မေမေဟာ စိတ်ထောင်းကိုယ်ကြေ နွမ်းလျနေ၏။ သို့သော်လည်းမေမေဟာ ကျွန်တော့်ကိုမြင်သည်နှင့် နွမ်းလျလျမျက်နှာထားကလေးကို အနည်းငယ်တည်ကာ ခပ်တင်းတင်းအကြည့်လွှဲသွား၏။ ကျွန်တော့်ဘေးတွင်ကပ်ပါလာသော ဒေါ်ဒေါ်နှင့် အသာကြောင့်များလား။ မည်သို့ပင်ဆိုစေ မေမေကတော့ ကျွန်တော်နှင့်ပတ်သက်လျှင် နောက်ဆုံးအချိန်ထိတင်းမာနေမည့်ပုံပေါ်သည်။

" သားကြီးရယ် မင်းမလဲ မအေတစ်ယောက်တည်းကိုပစ်ထားရလား"

ကြီးကြီးမေက ရောက်သည်နှင့် အပြစ်တင်စကားဆိုလာသည်။ ကျွန်တော်ဘာမှမတုန့်ပြန်ဖြစ်ခဲ့။ ကိုယ့်အတ္တဟာအမှားတစ်ခုမှန်းကျွန်တော်သိသည်။ မရွေးချယ်သင့်သည်များကိုရွေးချယ်ခဲ့သည်။ ဒါကိုလူအမ်ားကေတာ့ ဘယ်နည်းနဲ့မဆို ပြစ်တင်ရှုံ့ချကြမှာပဲမဟုတ်လား။ အသာကြောင့်ဆိုသည့် တည့်တိုးခေါင်းစဉ်ကြီးနှင့် မကြိမ်းမောင်းသည်ကတော်ကာကြဦးမည်။

" ဘာရောဂါတဲ့လဲ ကြီးမေ..."

" အစာအိမ်တဲ့... တစ်ယောက်တည်းဆိုတော့ ဖြစ်သလိုစားသောက်နေတယ်ထင်ပါရဲ့၊ မင်းအမေရဲ့အနားမှာပဲ နေပါကွယ်နော်....."

ခြိမ်းခြောက်လျှင် ခေါင်းမာမာတစ်ဇွတ်ထိုးလုပ်တတ်သည့် ကျွန်တော့်အကျင့်ကိုသိ၍ ကြီးကြီးမေက စကားအချိုသတ်နေခြင်းဖြစ်နိုင်သည်။ ကြီးကြီးမေတောင်းဆိုမှုအတွက် ကျွန်တော့်မှာ တိကျတဲ့ဆုံးဖြတ်ချက်မရှိသေးသောကြောင့် ကတိမေပးရဲ။

" ကြီးကြီးမေကလည် အေဝးမွာ မင်းအမေကို အရိပ်တကြည့်ကြည့်မကြည့်နိုင်ဘူးကွဲ့......"

" ကျွန်တော်လည်း အလုပ်တစ်ဖက်နဲ့...."

ကြီးကြီးမေ မျက်နှာတစ်ပြင်လုံးချက်ချင်းအိုဇာသွားကာ သက်ပြင်းရှည်ရှည်တစ်ချက်ချရင်း အနားမှခွာသွားလေသည်။

" မေမေ...."

မျက်နှာလွှဲထားသောမေမေသည် လှည့်မလာ။ မျက်လုံးကိုခပ်ဖြည်းဖြည်းမှေးရင်း အသက်ကိုအားစိုက်သာရှူနေ၏။ မေမေ့ မေးဖျားလေးက တစ်ဖျတ်ဖျတ်တုန်ခါနေပြီး အောက်နှုတ်ခမ်းကိုလည်းတင်းနေအောင်ကိုက်ထားသေးသည်။ ရင်ဘက်သည် ဖားဖိုကြီးနှယနိမ့်လိုက်မြင့်လိုက်ဖြင့် ကြိတ်မနိုင်ခဲမရဲဒေါသများကို မျိုချနေရပုံပေါ်သည်။

ထို့​ကြောင့်​...........(based on true story)حيث تعيش القصص. اكتشف الآن