sequel-episode 9 zawgyi

2.2K 191 16
                                    

ထို့​ကြောင့်​....(sequel) (episode 9)
-------------------------------

ကျွန်​​တော့်​အသံကြား​တော့ သူကမဝံ့မရဲဖြစ်​​နေရာမှ တအားညှစ်​ကာဖက်​ရင်း အ​ပေါ်ကပါ​မှောက်​အိပ်​လိုက်​​သေးသည်​။ ရှက်​သွား၍များလားမသိ။ အို...ဘု​ရား​ရေ...ဘယ်​လိုများပါလိမ့်​။ ဒီလူကကြမ်းလှချည်​လား...။

သူ့ရဲ့ကြမ်းတမ်းတဲ့အနမ်းက ကျွန်​​တော့်​ရင်​ကိုဗ​လောင်​ဆူသွား​စေသည်​။ ကျွန်​​တော့်နှုတ်​ခမ်း​ပေါ်သို့ ဖိကပ်​ထား​သော သူ့မျက်​နှာကြီးကို အားနှင့်​ ဆွဲခွာပြစ်​လိုက်​သည်​။ အားပါသွား၍လားမသိ ကို​အောင်​​ကျော်​သည်​ ကျွန်​​တော့်​ကိုယ်​​ပေါ်မှ ​ဘေးသို့လိမ့်​ဆင်းသွား၏။

"ဘယ်​လိုဖြစ်​ရတာလဲ..."

ကျွန်​​တော်​သည်​ ​ပြော​ပြောဆိုဆို လူးလဲထထိုင်​လိုက်​ကာ ​ခေါင်းရင်းဘက်​သို့ တရွတ်​တိုက်​တိုးသွားမိသည်​။ အခန်းမီးကမပိတ်​ထား၍ ဝင်းဝင်း​တောက်​​နေသည့်​ ရာဂအခိုး​ငွေ့​တွေက ကို​အောင်​​ကျော်​မျက်​နှာ​ပေါ် အထင်းသား​ပေါ်လွင်​​နေသည်​။ အ​ပေါ်ပိုင်းဗလာကျင်းဖြင့်​ ပုဆိုးကိုခပ်​တိုတို ဝတ်​ထား​သော ကို​အောင်​​ကျော်​သည်​ ကျွန်​​တော့်​ကို စား​တော့ဝါး​တော့မတတ်​ကြည့်​​နေသည်​။

"ကိုယ့်​ကို လိုက်​​လျော​ပေးပါကွာ မ​နေနိုင်​​တော့လို့..."

ဗု​ဒ္ဓေါ...သူ့ကိုကျွန်​​တော်​ ဘယ်​လိုသ​ဘောထားပြီး နားလည်​လက်​ခံ​ပေးရမှာပါလိမ့်​။ ရင်​တစ်​ခုလုံးမွန်းကြပ်​လာသလို ​ချွေး​စေးများပျံပြီး ချိနဲ့နဲ့နွမ်းလာသည်​။ သူက အသာရဲ့အစ်​ကိုတစ်​​ယောက်​ဆိုခြင်းထက်​ ကျွန်​​တော့်​ချစ်​သူ၏အစ်​ကိုဆိုပိုမှန်​လိမ့်​မည်​။ ဒီလို​တော့ မဖြစ်​သင့်​ဘူးထင်​တာပဲ။

သူကျွန်​​တော်​နှင့်​ပတ်​သက်​ပြီး အ​ကြောင်းအရာ​တော်​​တော်​များကို သိ​နေနိုင်​မည်​။ အို...သူ​ပြောခဲ့သည့်​ 'ညီ့အ​ကြောင်း​တွေကြားပါတယ်​´ ဆိုတာက ကျွန်​​တော်​နဲ့အသာရဲ့အ​ကြောင်းလည်းဖြစ်​နိုင်​တာပဲ​လေ။ မဟုတ်​ဘူး...ဖြစ်​ကိုဖြစ်​နိုင်​သည်​။ ဒါ​ကြောင့်​လည်း သူဒီလို လက်​တည့်​စမ်းဖို့ကြိုးစားလာတာ​ပေါ့။

ထို့​ကြောင့်​...........(based on true story)Opowieści tętniące życiem. Odkryj je teraz