ထို့ကြောင့်.....(sequel) (episode 16)
---------------------------------VIP express ဖြစ်၍ သက်တောင့်သက်သာရှိပြီး ကျယ်လည်းကျယ်ဝန်းသည်။ ကျွန်တော်နှင့်အစ်ကိုကျော်က နှစ်ခုံတွဲတွင်ထိုင်၍ အသာကတော့ တစ်ခုံတည်းသီးသန့်ထိုင်လေသည်။ မော်လမြိုင်မှစထွက်စဉ်က ကားနှင့်သွားမည်ကို အသာကခါးခါးသီးသီးငြင်းသည်။ အတိတ်ရဲ့အကြောက်တရားက သူ့နောက်ကို အရိပ်လိုကပ်ပါလာသည်ထင်ပါရဲ့။ သူ့ခင်မျာကားစီးဖို့ကိုဝန်လေးနေသည်။ လေယာဉ်နှင့်သွားမည်ဟုတောင်းဆိုသော်လည်း ကျွန်တော်ကလေယာဉ်မစီးရဲပေ။ အစ်ကိုကျော်က ဟိုရောက်လျှင်လည်း ကားနှင့်သာသွားရမည်ဖြစ်သောကြောင့် ကားနှင့်သွားရန်ပင်အသာကိုဖြောင်းဖျရသည်။ နောက်ဆုံးတော့ အသာကအလျော့ပေးလေ၏။ အသာကိုသနားမိသော်လည်း ကျွန်တော်သဘောမတွေ့သည့်ကိစ္စများကို တစ်လမ်းလုံးပြုမူလာသည့်အတွက် သိပ်တော့ဘဝင်မက်ပေ။
ရန်ကုန်သို့တက်လာစဉ်တစ်လျှောက်လုံး အိမ့်မှူးပိုင်နှင့် အဆက်အသွယ်လုပ်ကာ အလွမ်းဖြေသည်ကိုအားမရပဲ လွိုင်ကော်တက်သည်အထိ တစ်တွတ်တွတ်နှင့်တွတ်ထိုးနေသည့်အသာကို ကျွန်တော်ကြည့်မရပါ။ သို့သော်လည်း ကျွန်တော့်စိတ်ကူးထဲတွင်တော့ အသာမရောက်ဖူးသည့်ဒေသက လည်ပတ်စရာနေရာတွေကို သူ့ကိုခေါ်သွားရမည်။ ဒေသအစားအစာတွေကိုရော အသာကကြိုက်နှစ်သက်နိုင်ပါ့မလား။ ဝက်သားချဉ်၊ ဟင်းထုပ်နှင့် ဖယ်ခုံငါးထမင်းနယ်ကိုတော့ အသာကြိုက်လိမ့်မည်ဟုထင်ပါသည်။
"လွိုင်ကော်မွာ ဘယ်လောက်ကြာမှာလည်း အစ်ကိုကျော်၊ ပြီးတော့ဘယ်မွာနေကြမှာလဲ..."
အစ်ကိုကျော်သည် မျက်လုံးလေးမှိတ်ကာ နောက်မှီရင်းမှိန်းနေရာမှ ဖြည်းဖြည်းနှင့်လေးလေး စကားပြန်လာသည်။
"ကြာမှာပေါ့....အဆင်သင့်ဖြစ်မွ ကိုယ်တို့က ဟိုဘက်ကိုကူးကြတာလေ၊ တစ်လနှစ်လလောက်တော့ ကြာမယ်၊ စိတ်မပူပါနဲ့ ဟိုမှာကိုယ့်အသိတွေရှိတယ်၊ လောပန်တွေလေ သူတို့နဲ့ချိတ်ဆက်ပြီးတော့ပဲလုပ်တာ၊ နေဖို့စားဖို့လည်း ပူမနေနဲ့ ကိုယ်အိမ်ငှါးထားပြီးသား အိုးခွက်ပန်းကန်တွေအကုန်ရှိတယ်"
KAMU SEDANG MEMBACA
ထို့ကြောင့်...........(based on true story)
Romansaလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst