ထို့ကြောင့်...episode 19
----------------------ကျွန်တော်တို့၏ ငယ်ဘဝကို ပြန်တွေးကြည့်လျှင် ပုံစံခွက်ထဲ အသားကျနေတဲ့ အရာဝတ္တုတစ်ခုလိုပါပဲ။ ကျွန်တော်တို့မှာ မွေးလာကတည်းက ပုံစံသွင်းပေးမဲ့ ပတ်ဝန်းကျင်ရှိကြတယ်။ ပတ်ဝန်းကျင်က စတုရန်းဆို ကျွန်တော်တို့ကလဲ စတုရန်းအသွင်ရှိမှ ဟန်ချက်ညီ်သည်ဟု ယူဆခံရတယ်။ အနားလေးဘက်ရှိသည်တူသော်လည်း ကျွန်တော်တို့မှာ ထောင့်မှန်စတုဂံဖြစ်ခွင့်မရှိပေ။
တကယ်တော့ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြသည်။ ကိုယ်ချင်းစာတရားတော့ ကိုယ်စီမရှိကြ။တစ်ခါတစ်လေကျွန်တော်အရမ်းနာကျင်ရပါသည်။ အယူအဆကွဲလွဲမှုတွေကြား ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးမျှင်ကို မပြတ်တောက်အောင်ထိန်းသိမ်းရင်း ရွေးချယ်မှုအမှားလေးတွေရှိခဲ့သည်။ ကျွန်တော်တို့အတွက် ဝေးကွာခြင်းတွေသာအမြစ်တွယ်စေမည်ဟု အစကကြိုသိခဲ့လျှင် ဒီလမ်းကိုကျွန်တော်ရွေးဖြစ်မည်မဟုတ်။ တကယ်တော့ အသာ၏ ရည်မှန်းချက်သည် ကျွန်တော်တို့နှစ်ယောက် ဝေးကွာခြင်း၏ အလယ်တစ်နေရာပင်ဖြစ်၏။
အသာသည် ကျောင်းဆက်မတက်ပဲ အပြင်ဖြေဖြေရန်ဆုံးဖြတ်ကာ အဆောင်တွင် ကျောင်းအိပ်ကျောင်းစားနေလေ၏။ ပြီးနောက် ဘိုင်အိုတွဲမှ အီကိုတွဲကို အသာကပြောင်းလိုက်သည်။ ကျွန်တော်က ဗိုလ်သင်တန်းလျှောက်ရန် ကိုယ်စွမ်းရှိသလောက် ကြိုးစားရင်း သူ့ရည်မှန်းချက်ကို တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်ဆည်းပေးမိသည်။ ကိုယ့်အတွက်ကိုကြိုးစားရင်း သူ့အတွက်ကိုလဲပြန်ငဲ့ကြည့်ကာ တစ်ပတ်တစ်ခါတော့ သူ့အဆောင်သို့သွားဖြစ်သည်။ သူကြိုက်တတ်သည့် အကြော်အလှော်များကို မေမေ့ဆီမှ ပညာယူသင်ကာ ကြော်လှော်ပြီးပို့ပေးဖြစ်သည်။ နေ့မအားညမအား ကြိုးစားနေရသော်လည်း တစ်ပတ်တစ်ခါ သူ့အပြုံးလေးမြင်ရသည်နှင့် အမောကပြေ၏။ သူ့အတွက်ဆိုသည့် စိတ်ဆန္ဒသည် ကျွန်တော့်ကို ပင်ပန်းစေရန်အလို့ငှါ မတတ်စွမ်းနိုင်ပါ။ ထိုလောက်ထိပင် အသာသည် ကျွန်တော့်အား လွှမ်းမိုးချုပ်ကိုင်နိုင်သူဖြစ်လေ၏။
ESTÁS LEYENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst