ထို့ကြောင့်...(sequel) (episode 5)
------------------------------ဒီမျက်နှာလေးကို လေး နှစ်ကျော်တဲ့အထိ ကျွန်တော်မေ့လို့မသွားတာ သိပ်အံ့သြဖို့ကောင်းမယ်တော့ မထင်ပါဘူး။ ကျွန်တော့်နှလုံးသားတစ်ခုလုံးကို လုယူသွားတဲ့မိန်းကလေးပဲ။ ပြီးတော့ ရုပ်ချင်းခြဲမရအောင်တူသူလေ။ သူ(မ)ဟာ ဘယ်လောက်ပင် ကြင်နာယုယမှုပြည့်ဝပြီး ဂရုဏာရှင်မိန်းကလေးဖြစ်သည်ဆိုဦးတော့ သူ့ဆွေမျိုး အသိုင်းအဝိုင်းတွေရဲ့ သဘောထားနှင့်တင် အသာအနားမွ ဆက်မရှိနေသင့်တော့တဲ့ လူစားမျိုးမဟုတ်လား။ အသာ အနားမှာမရှိသင့်တဲ့ ကောင်မလေးက ကျွန်တော်ဝင်လာတဲ့အချိန်မွာ အသာရဲ့ဝေယာဝစ္စတွေကိုလုပ်ပေးနေသတဲ့။ ဒီကောင်မလေးနှယ် ပထမတစ်ကြိမ်လုယူတာအားမရလို့ ခုတစ်ခါ ကျွန်တော့်ရဲ့ဝတ္တရားတွေကို လာလုယူပြန်ပြီ။
"အိမ့်မှူးပိုင် မဟုတ်လား..."
အသာကို မနက်စာပြင်ပေးနေသော သူ(မ)က နောက်ကိုလှည့်ကြည့်လာ၏။ ကျွန်တော် ပြုံးပြလိုက်သည်ထင်၏။ နှုတ်ခမ်းလှုပ်သွားတယ်ဆိုတော့ ပြုံးပြလိုက်တာပါပဲ။ ဒါပေမဲ့ အဲ့ဒီအပြုံးဟာ ခင်မင်ရင်းနှီးလိုစိတ်မပါသည့် ဟန်ဆောင်အပြုံးလေးတစ်ခုသာဖြစ်နိုင်သည်။ ကျွန်တော့်ရဲ့ မနာလိုမှုတွေကို ဟန်ဆောင်လိုက်ခြင်းသာဖြစ်သည်။
"ဟို...ကိုရူပိုင်ဦး.."
မဆိုးဘူးပဲ...။ ဒီကောင်မလေး မှတ်ဉာဏ်တော့ကောင်းသား။ တစ်သက်မှာတစ်ခါတည်း မြင်ဖူးတဲ့သူကို နှစ်တွေကြာတဲ့အထိမမေ့သေးဘူးဆိုတော့ အင်း။
သူ(မ) တစ်ချက်ပြုံးပြပြီး အသာဘက်ပြန်လှည့်သွားသည်။ ပြီးနောက် ခေါက်ဆွဲပြုတ်ပန်းကန်ကို အသာအားထိုးပေးကာ လက်သုတ်ပုဝါကို ကိုင်ရင်းတစိမ့်စိမ့်ကြည့်နေသည်။ ဒါတော့ တစ်စိတ်လွန်ပြီထင်တယ်။ ဘာမှမသိရှာသော အသာက အဲ့ဒီခေါက်ဆြဲ ပြုတ်ကို အာသာငမ်းငမ်းစားနေသေးသည်။ ကျွန်တော်ဘယ်သူ့ကို စိတ်တိုရမလည်း အသာ့ကိုလား ဟိုကောင်မလေးကိုလား...။
"ဟာ...တစ်ခါမှမလုပ်ဖူးမကိုင်ဖူးပဲနဲ့ ဒုက္ခပေးသလိုဖြစ်နေမယ်၊ ဖယ်...ဖယ်...အစ်ကိုပဲလုပ်လိုက်မယ်၊ အစ်ကိုက သာကျော်ရဲ့ ဝေယာဝစ္စကို ဆယ်တန်းထဲက လုပ်လာတာဆိုတော့ လက်ပွန်းတစ်သီးဖြစ်နေပြီ၊ ညီမက အခုမွဆိုတော့ သူ့အကြိုက်မသိမှာဆိုးတယ်၊ သူက ချေးကများကများနဲ့၊ ဒေါ်ဒေါ်ကလည်းလေ တစ်ခါတစ်လေ လာတဲ့ဧည့်သည်ကို ဒုက္ခပေးနေပြန်ပြီ..."
ESTÁS LEYENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst