sequel episode 15 uni

581 52 0
                                        

ထို့ကြောင့်....(sequel) (episode 15)
--------------------------------

ဆွယ်တာနှစ်ထည်၊ အဝတ်အစားလေးငါးစုံ၊ မိုးရာသီဝင်လာပြီဖြစ်၍ မိုးကာတစ်ထည်နှင့် ထရပ်စုနှစ်စုံ။ အစ်ကိုကျော်ကလည်း ဘာတွေထည့်ဦးမလဲမသိ။ အဝတ်အတူထည့်မယ်ဆိုပြီး လက်ကေ့ချ်ကြီးတစ်လုံးနှင့် သူ့အဝတ်အစားတွေပုံပေးခဲ့ကာ မနက်တည်းကထွက်သွားသည်မှာပြန်မလာသေး။ ဒီဒေသက ကျွန်တော်အကျွမ်းတဝင်ရှိသည့်နေရာဖြစ်နေ၍ လိုအပ်သည်နှင့်မလိုအပ်သည့်အရာကို သိနှင့်တာတစ်ခုကောင်းသည်ဆိုရမည်။

အသာကရော...။ ဟုတ်သား...။ သူလည်းဘာတွေယူသွားဦးမလဲမသိ။ ကျွန်တော်လိုက်မည်ဟုသိသြားသောကြောင့် အသာက သိပ်ဘဝင်မက်။ ဒေါ်ဒေါ်က ကူကာကယ်ကာပြောနေ၍တော်ရာကြသည်။ ဒါတောင်အစက သူကခါးခါးသီးသီးပင် နောက်ဆုံး...သူ့ကိုမသိစေချင်သည့် ကျွန်တော့်အကူအညီပေးမှုများကို ဒေါ်ဒေါ်က ပြောထုတ်လိုက်မွ သူအင်တင်တင်ဖြင့် လိုက်လျောရခြင်းဖြစ်သည်။ အားနာစိတ်လေးသူ့တွင်ရှိသေးသည်ကိုတော့ ကျေးဇူးတင်ရပေမည်။

အသာသည် ဧည့်ခန်းအတွင်း၌ အဝတ်ပုံကြီးဘေးချကာ တွေတွေကြီးထိုင်ရင်း ဘာယူရမလဲဟုဇဝေဇဝါဖြစ်နေပုံရသည်။ သူသည် ကယားဒေသနှင့်အကျွမ်းတဝင်မရှိသလို၊ ခရီးတစ်ခါမှမထွက်ဖူးသော ကလေးငယ်တစ်ဦးသာသာသာ ဖြစ်နေသည်။ မပြတ်သားနိုင်သည့် ကျွန်တော်က ရပ်ကြည့်မနေနိုင်တော့ပဲ အသာအယာသူ့အနားချဉ်းကပ်ရပြန်သည်။

"မိုးတြင်းေရာက်နေပြီလေ...။ အနွေးထည်နဲ့ပေါ့ပေါ့ပါးပါးဝတ်လို့ရတာတွေငါရွေးပေးရမလား...."

အသာသည် ကျွန်တော့်ကိုစောင်းငဲ့ငဲ့လေးကြည့်နေရင်းမွ..."ရတယ်..." ဟု တိုတိုပြတ်ပြတ်ပြန်ပြောသည်။ ကျွန်တော်အားရနိုင်လောက်သည့်တုန့်ပြန်မှုမျိုးမဟုတ်သော်လည်း ကျေနပ်လောက်စရာပင်။
အသာက သူ့ရှေ့ကအဝတ်ပုံကိုအနည်းငယ်လှန်လှောပြီးနောက် ဂျာကင်ပွပွကြီးတစ်ထည်ကို ယူကာလက်ကေ့ထဲထည့်ရန် ဟန်ပြင်သည်။ ဂျင်းဂျာကင်ဆိုတော်သေးမည်။ ဒီဂျာကင်ပြပြတွေနှင့်အဆင်မပြေနိုင်။ တောထဲတောင်ထဲ သိမ်းရဆည်းရဝန်ကျယ်မည်။

ထို့​ကြောင့်​...........(based on true story)Opowieści tętniące życiem. Odkryj je teraz