အခန်း-၂
--------အဲ့ဒီနေ့က ကျွန်ေတာ် တာဝန်ကျအသင်းဖြစ်၍ ကျောင်းသို့စောစောလာဖြစ်ခဲ့သည်။
အဆောင်ဘုရားခန်းနှင့် အခန်းဘုရားစင်တွင်တင်ရန် မေမြို့ပန်းဖြူဖြူဖွေးဖွေးများကိုလဲ ဝယ်ခဲ့၏။ အခန်းထဲရောက်တော့ မိန်းကလေးအသင်းခေါင်းဆောင်ကို ဘုရားပန်းများပေးပြီး သတ်မှတ်ဧရိယာတွင် အမှိုက်ကောက်ရန်ဆင်းလာခဲ့လိုက်သည်။ဧရိယာတွင် အမှိုက်များမရှိ၍ အပေါ့သွားရန်အိမ်သာသို့လှမ်းအဝင် အိမ်သာမှ ထွက်လာသော သာကျော်ဖုန်းနှင့် တိုက်မိမလိုဖြစ်သွားတော့သည်။
"မင်းလူတစ်ယောက်လုံးလာတာ မမြင်ဘူးလား"
ပြောပြောဆိုဆို သာကျော်ဖုန်းက ကျွန်တော့်၏ရင်ဘက်ကိုဆောင့်တွန်းလိုက်တော့ အနောက်သို့အနည်းငယ်ယိုင်သွားသည်။ စိတ်ထဲထောင်းကနဲ ဒေါသထွက်သွားရသလို လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။
"ငါလဲမမြင်လို့ဖြစ်သွားတာပဲ ဘယ်သူကနေရင်းထိုင်ရင်းဝင်တိုက်မှာလဲ"
"အေးနောက်တစ်ခါ ခုလိုမဖြစ်အောင်ကြိုးစား မင်းကိုငါမျက်မောင်းကျိုးနေတာကြာပြီ သတိထားနေ"
နဖူးကြောကြီးတွန့်ပြီး လက်ညိုးထိုးကာပြောသောကြောင့် ကျွန်တော့်စိတ်ထဲ မခံချိမခံသာဖြစ်သွားရသည်။ ဘာ့အတွက်ကြောင့် နေရာတကာ ပြသနာရှာနေရတာလည်းမသိ။ စာသင်ဖက်အချင်းချင်း ခင်ခင်မင်မင်လေးတော့ ရှိချင်တာပေါ့။ သို့သော်လည်း သူက ကျွန်တော့်ကိုကြည့်မရဖြစ်နေသလို ကျွန်တော်လည်းသူ့ကိုကြည့်မရပေ။
လှည့်ထွက်သွားသော သူ့နောက်ကျောကို ကြည့်ရင်းအံကိုတင်းတင်ကြိတ်လိုက်သည်။ ဒေါသနှင့်အတူ စိတ်အားငယ်မှုများ၊ ဝမ်းနည်းမှုများပါရောယှက်လာသည်။ သူ့ကို ကျွန်တော်ကဘာတွေများနှောင့်ယှက်နေလို့ မကျေမနပ်ဖြစ်နေရသလဲကွယ်။
ကျွန်တော်နှင့်သာကျော်ဖုန်းကြားရှိ လက်ရှိအခြေအနေတင်းမာမှုများကြောင့် ရှေ့ဆက်ပြီး ပြုံးနိုင်ရန်မျှော်မှန်းထားသည့် ဆုံးဖြတ်ချက်များပင် လက်လျော့ရမလိုဖြစ်လာပေပြီ။
أنت تقرأ
ထို့ကြောင့်...........(based on true story)
عاطفيةလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst