sequel-episode 17 zawgyi

2.4K 210 17
                                    

ထို့​ကြောင့်​.........(sequel) (episode 17)
------------------------------------

အသာသည်​ ညို့ညို့မှိုင်းမှိုင်း​လေး ကျွန်​​တော့်​ကိုခပ်​လှမ်းလှမ်းကကြည့်​​နေ၏။ မျက်​နှာတစ်​ခုလုံး ဖြူဖတ်​ဖြူ​လျော်​နှင့်​ မျက်​တွင်းနှစ်​ဖက်​က ချိုင့်​ဝင်​၍ ပါးရိုးများပင်​ ​ထင်းကနဲ​ပေါ်လွင်​​နေသည်​။ အသာ အရမ်းပိန်​သွားတာပဲ​နော်​ ...။

တစ်​ခုခုကိုထုတ်​​ပြောဖို့အားယူ​နေသလို အသာ့နှုတ်​ခမ်းဖျားက တစ်​ဆတ်​ဆတ်​တုန်​ရင်​​နေသည်​။ သူ့မျက်​ဝန်းတစ်​ခုလုံးကလည်း စိုရွှဲ​နေ၏။ နာကျင်​ဝမ်းနည်း​နေသည့်​ပုံစံမျိုးပါ....။ သူဘာ​တွေခံစား​နေရပါလိမ့်​။

"ပိုင်​​ရေ...ငါမင်းကိုအရမ်းသတိရတယ်​ကွာ...."

အို...အသာက ကျွန်​​တော့်​ကိုသတိရတယ်​တဲ့လား။ ဘုရား​ရေ....ဝမ်းသာလိုက်​တာ။

"ငါ....ငါ မင်းဆီလာခဲ့မယ်​​နော်​အသာ...."

အသာက ခပ်​​လေး​လေး​ခေါင်းကိုညိတ်​ပြ၏။ အလျင်​စလိုပင်​ ကျွန်​​တော်​သူရှိရာသို့ ​ပြေးသွားလိုက်​သည်​။ ကျွန်​​တော်​​ပြေး​နေသည်​။ အသာနှင့်​နီးစပ်​ရမည်​ဟူ​သော အသိစိတ်​ဖြင့်​ အားရဝမ်းသာပင်​​ပြေး​နေ၏။ သို့ရာတွင်​ အ​တော်​ကြာသည်​အထိ အသာနားသို့ကျွန်​​တော်​မ​ရောက်​နိုင်​​သေးပါ။ အသာကရပ်​မြဲရပ်​လျက်​သာဖြစ်​​နေ​သော်​လည်း သူ့ဆီကျွန်​​တော်​မ​ရောက်​နိုင်​သည်​က ဆန်းကြယ်​လှပါကလား။ ကျွန်​​တော်​ တအားပင်​​ပြေးလိုက်​​သော်​လည်း အသာကိုမမှီ။ ကြာလာ​တော့ ကျွန်​​တော်​ ​မောပန်းလာ၏။

"အသာ​ရေ ငါ့ကို​စောင့်​ပါဦး၊ ငါလာ​နေပြီ​လေ၊ ငါ့ကို​စောင့်​ပါဦး"

"ငါရပ်​​နေပါတယ်​ပိုင်​၊ မင်းရဲ့အသာက ရပ်​​နေပါတယ်​၊ ငါ့ဆီလာခဲ့​နော်​၊ ငါ့ကိုကယ်​ပါဦးပိုင်​​ရေ"

ကျွန်​​တော်​အားစိုက်​​ပြေးလိုက်​​နေ​သော်​လည်း မမှီ​တော့ အသာသည်​ မြင်​ကွင်းမှ တဖြည်းဖြည်း မှုံဝါး​ပျောက်​ကွယ်​သွား​လေသည်​။

"အသာ........"

"ပိုင်​​ရေ ငါ့ကိုကယ်​ပါဦး...."

ထို့​ကြောင့်​...........(based on true story)Tempat cerita menjadi hidup. Temukan sekarang