sequel episode 12 uni

669 53 1
                                    

ထို့ကြောင့်...(sequel) (episode 12)
--------------------------------

နောက်တစ်နေ့မနက်တွင် ကျွန်တော်ဖျားသည်။ ညကမိုးမိသည့်အရှိန်ကြောင့်လား၊ စိတ်ပင်ပန်းသောကြောင့်လားမသိ အပူရှိန်ပြင်းပြင်းဖြင့် ဖ်ားလေသည်။ ကျွန်တော်ဖျားသည်ကို ကျွန်တော်နှင့်အတူ ဧည့်ခန်းတွင်အိပ်နေသော အစ်ကိုကျော်က ဦးစြာသိလေသည်။

သူကမနက်ဆို ကျွန်တော့်ထပ်ဦးစွာနိုးတတ်၍ ကျွန်တော်အိပ်နေသည်ကိုကြည့်ရသည်က အလုပ်တစ်ခုလိုဖြစ်နေသည့်သူ။ ဒီနေ့မနက်တော့ နေမထွက်ခင်ကပင် ကျွန်တော်အဖျားတက်၍ ညီးညူမှုတွေကြောင့် သူနိုးလာခဲ့သည်။

အစ်ကိုကျော်ဟာလေ...ကျွန်တော်နဲ့ပတ်သက်ရင် သိပ်သည်းညည်းခံပြီး ဂရုစိုက်တတ်သူတစ်ဦးပါ။ ခုလည်းကျွန်တော့်ကြောင့် နိုးလာသည်နှင့် ပြန်မအိပ်တော့ပဲ ရေနွေးဝတ်အုံပေးကာ ဘေးနားအရိပ်တစ်ကြည့်ကြည့်ထိုင်နေသည်။ သူ့ညီရဲ့ဝဋ်တွေကို သူကကူဆပ်ပေးနေသလိုပင်။

"ကျွတ်....ကျွတ်...."

အပူရှိန်က်သြားသော်လည်း ကျွန်တော့်တစ်ကိုယ်လုံးကိုက်ခဲနေ၍ ဆက်အိပ်၍မရတော့ပါ။ အလျင်ကလည်း လေထန်မိုးထန်ကြား သြားလာနေကြပါ။ ဒီလိုတစ်ခါမှမဖြစ်ဖူးပေ။

"သက်သာလား...ညီ..."

"အင်း...အပူတော့ကျပြီထင်တယ်..."

"ညီစားဖို့ ကိုယ်ခေါက်ဆွဲနဲ့ကြာဇံပြုတ်ထားတယ်၊ စားပြီးဆေးသောက်လိုက်နော်..."

"အင်း..."

ကျွန်တော်သည် လွဲနေရာမှထကာ ခေါင်းအုန်းကိုနံရံတွင်ကပ်ပြီးမှီလိုက်သည်။

"ခနနော်ညီ....ခေါက်ဆြဲတွေအေးသွားမှာဆိုးလို့ ပန်းကန်ထဲမထည့်ထားတာ၊ ပြန်နွှေးလိုက်ဦးမယ်...၊ ခနလေးစောင့်"

အစ်ကိုကျော်သည် မီးဖိုထဲသို့ဝင်သြားကာ ခဏကြာတော့ ဗန်းထဲတွင်ပန်းကန်လုံး နှစ်လုံးကိုတင်၍ပြန်ထွက်လာသည်။ သူဘာတွေ အူကြောင်ကြောင်လုပ်ထားပြန်ပြီလဲ။

"ညီဘာစားတတ်မှန်းမသိလို့....၊ ခေါက်ဆြဲရော ကြာဇံရော ပြုတ်ထားလိုက်တာ၊ ဘာစားမလဲ...."

ထို့​ကြောင့်​...........(based on true story)Kde žijí příběhy. Začni objevovat