sequel episode 9 unicode

853 75 1
                                    

ထို့ကြောင့်....(sequel) (episode 9)
-------------------------------

ကျွန်တော့်အသံကြားတော့ သူကမဝံ့မရဲဖြစ်နေရာမှ တအားညှစ်ကာဖက်ရင်း အပေါ်ကပါမှောက်အိပ်လိုက်သေးသည်။ ရှက်သြား၍မ်ားလားမသိ။ အို...ဘုရားရေ...ဘယ်လိုများပါလိမ့်။ ဒီလူကကြမ်းလှချည်လား...။

သူ့ရဲ့ကြမ်းတမ်းတဲ့အနမ်းက ကျွန်တော့်ရင်ကိုဗလောင်ဆူသြားစေသည်။ ကျွန်တော့်နှုတ်ခမ်းပေါ်သို့ ဖိကပ်ထားသော သူ့မျက်နှာကြီးကို အားနှင့် ဆွဲခွာပြစ်လိုက်သည်။ အားပါသြား၍လားမသိ ကိုအောင်ကျော်သည် ကျွန်တော့်ကိုယ်ပေါ်မှ ဘေးသို့လိမ့်ဆင်းသြား၏။

"ဘယ်လိုဖြစ်ရတာလဲ..."

ကျွန်တော်သည် ပြောပြောဆိုဆို လူးလဲထထိုင်လိုက်ကာ ခေါင်းရင်းဘက်သို့ တရွတ်တိုက်တိုးသွားမိသည်။ အခန်းမီးကမပိတ်ထား၍ ဝင်းဝင်းတောက်နေသည့် ရာဂအခိုးငွေ့တွေက ကိုအောင်ကျော်မျက်နှာပေါ် အထင်းသားပေါ်လွင်နေသည်။ အပေါ်ပိုင်းဗလာကျင်းဖြင့် ပုဆိုးကိုခပ်တိုတို ဝတ်ထားသော ကိုအောင်ကျော်သည် ကျွန်တော့်ကို စားတော့ဝါးတော့မတတ်ကြည့်နေသည်။

"ကိုယ့်ကို လိုက်လျောပေးပါကွာ မနေနိုင်တော့လို့..."

ဗုဒေ္ဓါ...သူ့ကိုကျွန်တော် ဘယ်လိုသဘောထားပြီး နားလည်လက်ခံပေးရမှာပါလိမ့်။ ရင်တစ်ခုလုံးမွန်းကြပ်လာသလို ချွေးစေးများပျံပြီး ချိနဲ့နဲ့နွမ်းလာသည်။ သူက အသာရဲ့အစ်ကိုတစ်ယောက်ဆိုခြင်းထက် ကျွန်တော့်ချစ်သူ၏အစ်ကိုဆိုပိုမှန်လိမ့်မည်။ ဒီလိုတော့ မဖြစ်သင့်ဘူးထင်တာပဲ။

သူကျွန်တော်နှင့်ပတ်သက်ပြီး အကြောင်းအရာတော်တော်မ်ားကို သိနေနိုင်မည်။ အို...သူပြောခဲ့သည့် 'ညီ့အကြောင်းတွေကြားပါတယ် ဆိုတာက ကျွန်တော်နဲ့အသာရဲ့အကြောင်းလည်းဖြစ်နိုင်တာပဲလေ။ မဟုတ်ဘူး...ဖြစ်ကိုဖြစ်နိုင်သည်။ ဒါကြောင့်လည်း သူဒီလို လက်တည့်စမ်းဖို့ကြိုးစားလာတာပေါ့။

အစ်ကိုကျော် ကျွန်တော့်ကို စိုက်ကြည့်နေတာအတော်ကြာပြီ။ သူ့အနမ်းတွေသာမက သူ့အကြည့်တွေကလည်း ကြမ်းရှလိုက်တာ။
မျက်လုံးကတစ်ဆင့် ရင်တစ်ခုလုံးကိုဖောက်ထွင်းပြီးကြည့်သည့်အကြည့်မျိုးပင်။

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now