sequel-episode 7 zawgyi

2.1K 209 12
                                    

ထို့​ကြောင့်​...(sequel) (episode 7)
-------------------------------

ကျွန်​​တော်​​ရောက်​သွား​သောအချိန်​တွင်​ ​ဒေါ်​ဒေါ်သည်​ မျက်​နှာငယ်​​လေးဖြင့်​ အိမ့်​မှူးပိုင်​၏​ဆွေမျိုးများ​ရှေ့​တွေထိုင်​​နေသည်​။ အိမ့်​မှူးပိုင်​​ဆွေမျိုးများက မာ​ရေ​ကျော​ရေဖြင့်​ မာန်​ကိုချီရင်းရှိ​နေကြသည်​။ ကျွန်​​တော်​​ရောက်​သွား​တော့ ​ဒေါ်​ဒေါ်ကအားကိုးတကြီးဖြင့်​ ​နေရာ​ပေးရှာသည်​။ ကျွန်​​တော်​ထင်​ထားသလို အသာဘာမှမဖြစ်​သည့်​အတွက်​ အနည်းငယ်​စိတ်​သက်​သာ​ပေမဲ့ အပူက​တော့မငြိမ်း​ပေ။

"ဘယ်​လိုဖြစ်​ရတာလဲ ​ဒေါ်​ဒေါ်"

ဒေါ်​ဒေါ်သည်​ အား​ပျော့​သော အသံဖြင့်​ "​ဒေါ်​ဒေါ်လည်းဘာမှမလုပ်​တတ်​​တော့ဘူး ​မောင်​ရင်​​ရေ"ဟု​​ပြောလာသည်​။

"မင်းက သူတို့နဲ့ဘာ​တော်​တာလဲ..."

တစ်​ဖက်​ကလူကြီး​တွေအသံက အထက်​စီးဆန်​သည်​။ အစကတည်းက ကျွန်​​တော်​​ကျေလည်​သည့်​လူများမဟုတ်​၍ ​ခေါင်းငုံ့မခံချင်​။

"ဒါကျွန်​​တော့်​အ​ဒေါ်...ဒါနဲ့ဦး​လေးတို့ကဘာဖြစ်​ရပြန်​တာတုန်း..."

"​အေး...ငါတို့​ငွေကို တစ်​ပတ်​အတွင်း​ကြေ​အောင်​မဆပ်​ရင်​ တရားစွဲမယ်​လို့ လာအသိ​ပေးတာ...."

ဘာသက်​​သေအ​ထောက်​အထားရှိလို့သူတို့ကတရားစွဲမယ်​ ​ခြိမ်း​ခြောက်​​နေရသနည်း။ တရားမမှုနဲ့လား ပြစ်​မှုဆိုင်​ရာနဲ့လား။

"​စွဲလဲစွဲ​ပေါ့...ဘာသက်​​သေအ​ထောက်​အထားရှိလို့ ခင်​ဗျားတို့ကစွဲမှာလဲ..."

ကျွန်​​တော်​သည်​ ​ဒေါ်​ဒေါ့်အစားသည်းမခံနိုင်​၍ အသံခပ်​မာမာဖြင့်​ ​ပြောလိုက်​သည်​။ ​ဒေါ်​ဒေါ်က ကျွန်​​တော့်​လက်​​မောင်းကို ခပ်​ဖွဖွ​လေးဆုပ်​ကိုင်​ကာ ....

"မင်းဦး​လေး သူတို့ဆီကယူတုန်းက အသိသက်​​သေနဲ့ယူထားတာ၊ စာချုပ်​စာတမ်းလည်းရှိတယ်​၊ ဟိုဘက်​ကို​ပေး​တော့မှ ဘာစာချုပ်​ဘာအသိသက်​​သေမှမပါပဲ ယုံကြည်​မှုနဲ့​ပေးလိုက်​တာ..."

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora