sequel episode 10 unicode

1.1K 73 7
                                    

ထို့ကြောင့်...(sequel) (eposode 10)
---------------------------------

အိမ်ထဲ ဝင်ဝင်ချင်းမှာပင် မေမေက ရွာတော့မည့်မိုးလို အုံ့မှိုင်းညိုမဲနေသည့် မျက်နှာအသွင်အပြင်ဖြင့် ဆီးကြိုနေပါသည်။ ကျွန်တော်သည် ဆိတ်ဆိတ်သာ ဝင်သြား၍ မေမေ့ရှေ့တွင်ထိုင်လိုက်သည်။
အလျင်ကလိုပင် မေမေသည် ကျွန်တော့်ကို စေ့စေ့ကြည့်ရင်းစကားမဆိုသေးပါ။

ကျွန်တော်ကတော့ ဘာမေးလျှင် ဘာဖြေရမည်ကိုသာ ခေါင်းထဲအစီစဉ်ရေးဆွဲနေမိသည်။ အလျင်ကလောက်မကြောက်မိသော်လည်း ဒီတစ်ခါအပြစ်သည် သေးသေးဖွဲဖွဲမဟုတ်၍ အနည်းငယ်တော့စိုးထိတ်မိပါသည်။

"မင်းအခုထိ မိုက်နေတုန်းပါလား..."

ကျွန်တော် ဘာမှပြန်မဖြေမိပါ။ ခေါင်းကိုသာတွင်တွင်ငုံ့၍ထားသည်။ မေမေ့စကားသည် ကျွန်တော်ဖြေရမည့်မေးခွန်းမဟုတ်သေးပါ။

"အဲ့ဒီ ဂရမ်တွေကို ဘာလုပ်ပြစ်လိုက်တာလဲ..."

"သာကျော်တို့ ငွေလိုနေလို့ ရောင်းပြီးချေးပေးထားလိုက်တာ..."

"ဘာပြောတယ်..."

ကျွန်တော်သည် မေမေ့အားမဝံ့မရဲမော်ကြည့်လိုက်မိသည်။ မေမေ့နှုတ်ခမ်းဖျားများကတုန်ခါနေပြီး ရင်ဘက်ကြီးကနိမ့်လိုက်မြင့်လိုက်ဖြင့်...။ ကျွန်တော်ထင်ထားသည်ထက် မေမေ့ဒေါသက ပိုကြီးမားနေသည်မှာငြင်းရက်စရာမရှိ...။

"......"

"အဲ့ဒီကောင်က မင်းအပေါ်ဘယ်လောက်ကောင်းနေလို့ ငါ့အိမ်ကိုရောင်းပြီး သွားဖို့ပေးနေရတာလဲဟမ်၊ ကိုယ့်ကိုယ်ကိုမသနားဘူး...၊ သူမ်ားကို သနားနေသေးတယ်...၊ မင်းဘဝလမ်းဘေးရောက်နေတာလဲ စဉ်းစားဦး..."

ကျွန်တော့်အပြစ်တွေထဲ အသာကိုဆွဲမထည့်လျှင်ကောင်းမည်ထင်သည်။

"ကျွန်တော့်ကြောင့် သူ့ဘဝတစ်ခုလုံးဆုံးဆုံးမြုပ်ခဲ့ရတာလေ မေမေရယ်"

"အဲ့ဒါနဲ့ပဲ မင်းက မင်းဖအေအမှတ်တရထားခဲ့တဲ့အမွေတွေကို ခုလိုလုပ်ပြစ်လိုက်တာပေါ့....ကောင်းကြသေးရဲ့လား...၊ မင်းဘာသိလို့လဲ၊ အဲ့ဒါ ငါ့ယောက်ျားရဲ့ တစ်ခုတည်းသောအမှတ်တရဟဲ့..."

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora