အခန်း-၁၀
----------အသာ့ကိုအဖြူစင်ဆုံးသံယောဇဉ်ထား၍ဆက်ဆံတတ်သော ကျွန်တော်သည် တစ်ခါတစ်လေတော့အကျင့်ပုတ်တတ်၏။ သူ၏တရားဝင်ရည်းစားများကို ကျွန်တော့်ထပ်ပိုအရေးပေးသည့်အခါ သို့မဟုတ် သူ့ရည်းစားများက ကျွန်တော့်ကိုကျော်သွားသည်ဟု ခံစားရသည့်အခါများကျ ကြိုတင်ကြံစည်ထားခြင်းမရှိပါပဲနှင့် ကျွန်တော့်ရင်ထဲကခံစားချက်ကို သူမြင်အောင် အရိပ်အမြွတ်ပြတတ်ပါသည်။
ဆောင်းရာသီရောက်ခါနီးပြီဖြစ်၍ ညတာရှည်လာသည်။
ညမှောင်မှောင်ကို လရောင်ကမစို့မပို့လင်းစေ၏။ သွားနေကျအတိုင်း ကျွန်တော့်အိမ်မှနေ၍ ည၆နာရီလောက်မှာပင် အသာနှင့်အတူ ဆရာမအိမ်သို့ထွက်လာခဲ့သည်။ဘောလုံးကွင်းတစ်ဝက်ရောက်သည်အထိ အသာသည် ကျွန်တော့်အားစကားမဆို...ဆိတ်လျက်သာနေသည်။ သူ့ပုံသည် ကျွန်တော့်အရိပ်အယောင်ကို အကဲခတ်နေသည့်နှယ် တစ်ခါတစ်ရံ ကွက်ကြည့်ကွက်ကြည့်တော့လုပ်၏။
"ပိုင်...."
အသာက တစ်လုံးတည်းေခါ်၍ တစ်ခွန်းတည်းဆို၏။
"အင်း ပြောလေ...."
"ပြစရာရှိလို့....."
"ဘာလဲ..."
စိတ်ဝင်စားစွာ သူ့ဘက်ကိုလှည့်လိုက်သည်နှင့် အသာကဘောင်းဘီအိတ်ကပ်အတွင်းမှ စာအိတ်လေးတစ်အိတ်ကိုထုတ်ပြသည်။ စာအိတ်သည် ရိုးရိုးစာအိတ်မဟုတ်.....။ ပန်းပွင့်ပန်းခက်များဖြင့်တန်ဆာဆင်ထားသော အလှစာအိတ်လေးဖြစ်သည်။
"ငါ့ကိုအိသန္တာ အဖြေပေးတာ အရမ်းရိုဆန်တယ်....၊ စာအိတ်ထဲ အသည်းပုံ love သကြားလုံးလေး ထည့်ပေးတာ..."
လှမ်းနေသော ကျွန်တော့်ခြေလှမ်းက ရုတ်တရတ်ရပ်တန့်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် လက်ဖျားခြေဖျားများ အလိုလိုအေးစက်လာ၏။ တုန်လှုပ်လာ၏။ ရုပ်သွင်ကို ဟန်ဆောင်ထိန်းလို့ရသော်ညား ဆူးခနဲဆတ်ခနဲ နာကျင်နေသော နှလုံးသားကိုဖြေသိမ့်၍မရ။
BẠN ĐANG ĐỌC
ထို့ကြောင့်...........(based on true story)
Lãng mạnလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst