ထို့ကြောင့်.....(sequel) (episode 18)
---------------------------------ညကဘယ်အချိန်ပြန်အိပ်ပျော်သွားလည်းမသိ။ ကျွန်တော်နိုးလာတော့အခန်းသည် ညကအတိုင်းအရာမယွင်းပဲရှိနေသည်။ မီးသည်ဖွင့်လျက်သား၊ အိပ်ရာခြေရင်းဘက်တွင် တီဗီကြီးသည် ကြေမွလျက်သား၊ water cooler သည်လဲလျက်သား၊ ရေတွေက အိုင်လျက်သားသာတည်း။ မိုးကလည်း မစဲသေးပါ။ တစ်ဝေါဝေါဖြင့် ရွာလို့ကောင်းနေဆဲပင်။ အိပ်ရာပေါ်မှ ကုန်းရုန်းထကာ အိမ်တံခါးမကြီးကိုဖွင့်ကြည့်လိုက်သည်နှင့် တိုက်ခတ်လာသော လေနှင့်အတူ မိုးသီးမိုးပေါက်မ်ားပါ ကျွန်တော့်မျက်နှာပေါ်သို့လွင့်စင်လာ၏။ မြူများသည် ပိန်းပိတ်နေပြီး အဝေးကိုမဆိုထားနှင့် ခြံပြင်ရှိ ကားမလမ်းကိုပင်မမြင်ရချေ။ မိုးသီးမိုးပေါက်များသည် လေ၏အရှိန်နှင့်အတူ ဘယ်ယိမ်းလိုက် တစ်ခါခါ ညာယိမ်းလိုက်ဖြင့် ဖြာကျဆင်းနေပါသည်။
ခုမှသတိထားမိသည်။ ခြံတံခါးကြီးသည်လည်းပွင့်လျက်သား အိမ်ရှေ့တွင် အစ်ကိုကျော်၏ကားရှိမနေပါ။
ထိုသို့သတိထားမိလိုက်သည်နှင့် ကျွန်တော့်အတွေးများယောက်ယက်ခတ်ကာ စိုးရိမ်မကင်းဖြစ်လာရပြန်သည်။ ဒီလိုမိုးသည်းသည်းထဲ သူဘယ်ကိုမ်ား ထွက်သွားရပါလိမ့်။ကျွန်တော် အိမ်နောက်ဖေးသို့ အပြေးပြန်ဝင်လာခဲ့သည်။ အစ်ကိုကျော်ရှိလိုရှိညား ပူပန်စိတ်ဖြင့် ရှာကြည့်နေမိသည်။ ထမင်းစားပြဲပေါ်တွင် လဲနေသော red label ပုလင်းခွံတစ်တောင့်။ သူညက ဘယ်လောက်တောင်မ်ားသောက်သြားသလဲ။
ကျွန်တော်သည် ဧည့်ခန်းထဲပြန်ဝင်လာကာ အစ်ကိုကျော်ဆီအလျင်စလိုဖုန်းဆက်လိုက်၏။ စက်ပိတ်ထားသည်တဲ့။ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီခြဲ။ နေ့လည်စာစားရန်ပင်အချိန်နီးကပ်နေပါပြီ။ အမှန်ဆို သူပြန်လာသင့်ပြီပဲ။ ဘုရားသိကြားမလို့ သူဘာမှမဖြစ်ပါစေနှင့်။ နေမထိထိုင်မသာဖြစ်ကာ ကျွန်တော်ဘာဆက်လုပ်ရမလဲမသိ ယောက်ယက်ခတ်နေမိသည်။ သူ့ကိုလိုက်ရှာဖို့အတွက်ကလည်း သူဘယ်တွေသွားတတ်မှန်းမသိပေ။ မနေ့ညက ကျွန်တော့်စကားတွေက သူ့အတွက် တော်တော်ထိုးနှက်ချက်ပြင်းသြားလေသလား။ ကျွန်တော် မှားခဲ့ပြီလားဟင်။ သွေးပူနေတုန်းကသာ ပြောမိပြောရာ အထိန်းအကွပ်မဲ့ပြောလိုက်သော်လည်း ပြန်စဉ်းစားကြည့်တော့ အစ်ကိုကျော်ကိုအားနာစရာပင်။
ŞİMDİ OKUDUĞUN
ထို့ကြောင့်...........(based on true story)
Romantizmလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst