အခန်း-၅
--------ကားပြန်ထွက်ချိန်တွင်တော့ အသာ့ဆီမှ ဖုန်းကဝင်လာသည်။
ခါတိုင်းလိုပင် ခွင့်ပြန်လာမှန်းသိသည်နှင့် တစ်နာရီတစ်ခါ လောက် ဘယ်ရောက်ပြီလည်းဟု သူက မေးဦးမည်။"ဘယ်ရောက်နေပြီလဲ၊ ဒီနေ့လွိုင်ကော်မှာအိပ်မှာလား၊ ရန်ကုန်မှာရောဘယ်လောက်ကြာမလဲ၊ ဒီကိုဘယ်နေ့လောက်ရောက်မလဲ"
ထင်သည့်အတိုင်းပင်....။ အသာက တရက်စက်မေး၏။
"ခုမှစထွက်တုန်းရှိသေးတယ်.....၊ လွိုင်ကော်မှာမအိပ်ပါဘူး..၊ နေ့လည်ကားနဲ့တစ်ခါထဲရန်ကုန်လာမှာ၊ ရန်ကုန်မှာ တပ်ကိစ္စအလုပ်လေးရှိသေးလို့ ညကားနဲ့မှ ပြန်ဆင်းလာမယ်"
"အင်း....ရောက်မှငါမင်းကိုပြောစရာရှိတယ်..."
ကြည့်စမ်း....အကြံတွေတူနေပြန်ပါပြီ။ ကျွန်တော်လည်း သူ့ကို၆နှစ်တာမြိုသိပ်ထားသမျှဖွင့်ပြောမို့ရှိတယ်လေ။ သူကရောဖွင့်ပြောမယ်ဆိုတာက ဘာများဖြစ်နိုင်မလဲ။ တနုံ့နုံ့ဖြင့် ရင်ကလှိုက်ဖိုသွားရပြန်သည်။
"ငါလည်း မင်းကိုပြောစရာရှိတယ်အသာ..၊ ရောက်မှအေးအေးဆေးဆေးပြောကြတာပေါ့"
ဖုန်းချပြီးမှ ကျွန်တော့်ခြေဖျားလက်ဖျားများ အေးစက်နေသည်ကိုသတိထားမိသည်။ ခုချိန်ထိ သူနှင့်ပတ်သက်လျှင် ကျွန်တော်က ဆယ်ကျော်သက်တစ်ယောက်လို စိတ်လှုပ်ရှားလို့ကောင်းနေဆဲ။
ကားအဲကွန်းကအနည်းငယ်အေးလာ၍ ဝတ်ထားသော ဂျာကင်အိတ်ကပ်အတွင်း လက်နှစ်ဖက်ကို ထည့်လိုက်သည်နှင့် ပထမဆုံးအကြိမ်အသာနှင့်လျှောက်လည်ဖြစ်သည်ကိုသတိရမိသည်။
အဲ့ဒီနေ့ကို ခုချိန်ထိ ကျွန်တော်မှတ်မိသေးသည်။ ရင်ခုန်သံကိုရောက်ရက်ခက်စေသည့် နေ့လေးတစ်နေ့ပေါ့......
ကျောင်းပိတ်ရက်မနက်ခင်းသည် လူကိုရွှင်လန်းတက်ကြွစွာနိုးထလာစေ၏။ တစ်ပတ်လုံးတွင် ဒီနှစ်ရက်သာ အိပ်ရေးဝဝအိပ်ရတယ်ရှိ၏။ ထို့ကြောင့် မေမေကလဲ တော်ယုံတန်ယုံကိစ္စနှင့် စောစောမနှိုး။ နှိုးလဲ ကျွန်တော်ကမထပေ။
أنت تقرأ
ထို့ကြောင့်...........(based on true story)
عاطفيةလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst