(၂၄) ကျွမ်းကျင်သမားတော် || ကျွမ်းကျင်သမားတော်

24.5K 3.8K 199
                                    

{Unicode}

ကျွမ်းကျင်သမားတော်
*****


စုန့်စုန့် အရင်က ဝမ်ရယ်တစ်ပါးနဲ့ တစ်ခါမှ လက်မထပ်ဖူးတာကြောင့် လီရှောင်းနဲ့ လက်ထပ်လိုက်တာက ဒီလောက်တောင် ကြီးမားတဲ့ ပွဲလမ်းအခမ်းအနားကြီး ဖြစ်လာလိမ့်မယ်မှန်း သူ မသိခဲ့ချေ။ ဧကရာဇ်ကြီးဟုန့်ရန်မှာ စုစုပေါင်း သား(၅)ယောက်နဲ့ သမီး(၃)ယောက် ရှိသည်။ နိုင်ငံရေးအဆက်အဆံအတွက် ဝေးကွာလှတဲ့ တိုင်းတစ်ပါးကို သွားရောက်ထိမ်းမြားခဲ့တဲ့ စတုတ္ထမင်းသမီးကလွဲလို့ အခြားသော တော်ဝင်ဆွေတော်မျိုးတော်တွေက မြို့တော်ထဲမှာသာ ရှိနေသေးပြီး အကုန်လုံးနီးပါးက စုန့်စုန့်ကို လာရောက်နှုန်ဆက်ကြလေသည်။

ထိုလူတွေထဲမှာမှ ဆဋ္ဌမမင်းသားနဲ့ သတ္တမမင်းသားက အခုချိန်အထိ ဘွဲ့ချီးမြှင့်ခြင်း မခံရသေးဘဲ အပြင်ဘက်မှာလည်း ကိုယ်ပိုင်အိမ်တော် မရှိသေးချေ။ ဧကရီ မွေးဖွားထားတဲ့ အဋ္ဌမမင်းသမီးကတော့ အသက်(၁၂~၁၃)အရွယ်သာ ရှိသေးပြီး စားပွဲမှာ ချစ်စဖွယ် ငြိမ်ငြိမ်လေး ထိုင်နေကာ အလွန်ကို နူးညံ့သိမ်မွေ့ ယဉ်ကျေးလှသည်။

စုန့်စုန့်က သူ့အာရုံကို ဧကရီနဲ့ အိမ်ရှေ့စံမင်းသားဆီကနေ မခွါနိုင်ပေ။ ဧကရီရဲ့အပြုံးက ရေလိုကြည်လင်နေသည်။ အိမ်ရှေ့စံမင်းသားကလည်း အတင်းအဖျင်းတွေ အတိုင်းပဲ ထောက်ထားညှာတာတတ်ကာ နူးညံ့ပုံပေါ်ပြီး စကားလုံးတိုင်းကို ကြင်နာတတ်တဲ့ အပြုအမူနဲ့သာ ပြောကြားတတ်သည်။ အရင်ဘဝတုန်းက စုန့်စုန့်ဟာ စုန့်ကောရဲ့ တစ်ပတ်ရိုက်ခြင်းကို တစ်ခါ ခံရဖူးသည်။ ဒီလိုမျိုး သိုးသားရေခြုံထားတယ်လို့ ထင်ရတဲ့သူမျိုးကို မြင်တိုင်း ထိုလူက သားရဲတစ်ကောင်လိုစိတ်ကို ဖုံးကွယ်ကာ လူသားမျက်နှာဆင်ယင်ထားတယ်လို့ သူ တိတ်တဆိတ် မကျေမနပ်ညည်းတွားတတ်သည်၊ မျက်နှာနှစ်ဖက်နဲ့လူတွေပင်...။

သူတို့ နန်းတော်ကနေ အိမ်ပြန်လာချိန်မှာတော့ နေ့လယ်ခင်းဖြစ်နေလေပြီ။ အိမ်ခေါင်မိုးပေါ်နဲ့ သစ်ပင်သစ်ကိုင်းတွေပေါ်မှာ နှင်းတွေ တင်ကျန်နေဆဲဖြစ်ပြီး အခုထိ အရည်မပျော်သေးပေ။ စုန့်စုန့်လည်း လီရှောင်းနောက်ကနေလိုက်ကာ ရထားလုံးထဲ ဝင်လိုက်တဲ့အခါ ကြားလိုက်ရသည်။
"ပဉ္စမညီတော်ရဲ့ အကျင့်စရိုက်က ပြတ်သားပြီး တည်ကြည်တယ်။သူက စစ်တန်းလျားမှာ ကိုယ်နဲ့အတူ တာဝန်ထမ်းဆောင်တာ။ ဆဋ္ဌမညီတော်ကတော့ အရမ်းလည်တယ်။ အရင်ရက်အနည်းငယ်လောက်တုန်းက သူက အရေးကိစ္စတွေ ကူညီဖြေရှင်းဖို့ တရားစီရင်ရေးခုံရုံးမှာ နေရာချထားပေးပါဆိုပြီး ခမည်းတော်ကို ခွင့်တောင်းခဲ့သေးတယ်။ သူ့မယ်တော်ကတော့ အစောကြီးကတည်းက ဆုံးပါးသွားပြီ။ သူ ငယ်ငယ်တုန်းက ကိုယ်နဲ့အတူ ကြီးပြင်းလာခဲ့တာ။ မနက်ဖြန်ကျရင် သူ မင်းကို လာရှာပြီး ကစားဖို့ အလားအလာ ရှိတယ်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now