(၇၈) ပြန်လည်ခေါ်ယူခြင်း || ပြန်လည်ခေါ်ယူခြင်း

18K 2.8K 72
                                    

{Unicode}

ပြန်လည်ခေါ်ယူခြင်း
*****


သူ မည်သူဆိုသည်က အရေးမပါလှ၊ ပြုစုစောင့်ရှောက်ပေးသော လက်တွဲဖော်လေး ပြုံးရယ်နေလျှင် သူ အောင်မြင်ခြင်းပင်။ စုန့်စုန့်က ဟောဟဲလိုက်လျက် လီရှောင်းကို တွန်းထုတ်လေသည်။
"ပေါက်ကရတွေ ပြောဖို့ပဲ တတ်တယ်။"

သူ လီရှောင်းကို စတွေ့စဉ်က တစ်ဖက်လူဟာ ကျိန်းသေပေါက် သူမတူအောင် ရက်စက်ကြမ်းကြုတ်သည့်ယောက်ျားတစ်ယောက်ဟု ထင်ခဲ့မိ၏။ အနည်းဆုံးတော့ အတင်းအဖျင်းများက ဤသို့ ဆိုကြသည်ပင်။ သို့သော် သူ လီရှောင်းကို တဖြည်းဖြည်း နားလည်လာသည့်အခါ လီရှောင်းဟာ ကလေးဆန်ပြီး အကြောင်းအရင်းမရှိ ပြဿနာရှာတတ်သော်ငြား များသောအားဖြင့်တော့ ချော့မော့ရာ၊ လူကိုပျော်ရွှင်စေရာတွင် အလွန်တော်ကြောင်း တွေ့ရှိလာရလေသည်။

ဥပမာအားဖြင့် ယခုကဲ့သို့ပင်။ လီရှောင်းက သူပြောသည်ကို ကြားသည့်အခါ ချက်ချင်း သူ့ကို နမ်းလာပြန်၏။
"ကျန်းက ကျိန်းသေပေါက် ဧကရီကလွဲပြီး တခြားဘယ်သူ့ကိုမှ ပေါက်ကရမပြောပါဘူး။"

သူ့အမြင်တွင်တော့ စုန့်စုန့်က အမြဲ အထူးသီးသန့်ဖြစ်သည်။ သူတို့ စတင်တွေ့ဆုံချိန်တွင် အဘယ်ကြောင့်မှန်းမသိ လီရှောင်းသာ တစ်နေ့မှာ သူ့ကို အထူးသီးသန့်ဖြစ်တည်မှုအဖြစ် မမှတ်ယူတော့ပါက သူ မည်သို့လုပ်ရပါမည်လဲဟု စုန့်စုန့် အမြဲတွေးဆမိသည်။ သို့သော် ဤစိုးရိမ်ပူပန်မှုက မိုင်ပေါင်းသိန်းချီ ဝေးကွာသွားပြီးဖြစ်ကာ သူကလည်း အထူးတလည်ဖြစ်နေသေးသည်ပင်။ မည်သူကမျှ သူ့နေရာတွင် အစားထိုး မဝင်ရောက်နိုင်။

သူ ရယ်နေစဉ် လီရှောင်းက သူ့နှုတ်ခမ်းကို နမ်းပြန်၏။ စုန့်စုန့်လည်း ငြိမ်ငြိမ်သက်သက်ပင် အနမ်းကို လက်ခံယူကာ ယနေ့အဖို့ ချစ်ခြင်းများကိုလည်း လက်ခံလိုက်လေသည်။

....................

လီရှောင်း၏ရင်ခွင်ထဲ အိပ်ချင်မူးတူး ခွေဝင်နေသော စုန့်စုန့်တစ်ယောက် အိပ်ပျော်ခါနီး၌ ရုတ်တရက် လီရှောင်း မေးလာသည်ကို ကြားလိုက်ရလေ၏။
"ဒီရက်ပိုင်း ကျန်း ဘာတွေလုပ်နေတယ်ဆိုတာကို သိချင်နေတယ်မလား။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Où les histoires vivent. Découvrez maintenant