(၆၃) ကုသမှု || ကုသမႈ

16.6K 2.8K 120
                                    

{Unicode}

ကုသမှု
*****


အရိုးသားဆုံးဆိုရပါလျှင် စုန့်စုန့်၏ရင်ထဲတွင် စိတ်ထင့်ခြင်းတစ်ခု အမြဲရှိနေခဲ့၏။ သို့သော် သူ့ရှေ့တွင် အမှန်တရား ပေါ်ပေါက်လာသည့်အခါ သူ ဝမ်းနည်းကြေကွဲခြင်းကို မရှောင်ရှားနိုင်သေး။

သူ့မှတ်ဉာဏ်ထဲရှိ မိခင်ဖြစ်သူသည် ချမ်းသာသည့်မိသားစုမှ မိန်းမပျိုလေးတစ်ယောက်ပင်။ သူ(မ)နှင့် ဖုကွော်ရှန်းတို့ နှစ်ယောက်စလုံးက ကြင်နာရက်ရောတတ်သူများ ဖြစ်ကြသည်။ သူ ပြုံးသည့်အခါ အမြဲပင် စုန့်စုန့်ကို နွေးထွေးစေခဲ့၏။ စုန့်စုန့် ငယ်ဘဝတွင် စုန့်ကွော်ကုန်းသည် စုန့်စုန့်ကို ချစ်ပင်ချစ်ခဲ့သေးသော်လည်း ဖုရှီအန်းကွယ်လွန်သွားပြီးနောက်မှသာ သူ့ကိုယ်သူ စုန့်စုန့်နှင့် တဖြည်းဖြည်းချင်း အနေခွါလာခဲ့ခြင်း ဖြစ်သည်။

စုန့်စုန့် တွေးခဲ့မိသည်၊ စုန့်ကွော်ကုန်းတွင် သားသမီးအမြောက်အမြား ရှိသောကြောင့် တစ်ယောက်ချင်းစီကို မကြည့်နိုင်ဟု ထင်ခဲ့၏။ တစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာ မတွေ့ရပြီးသည့်နောက် ပုံမှန်အားဖြင့်တော့ သူက စုန့်စုန့်ကို မေ့ပျောက်သွားပေလိမ့်မည်။ သူတို့ကြားရှိ ငြီးငွေ့ဖွယ်ခံစားချက်သဘောထားတို့က ဖြစ်သင့်သည်ပင်။

ယနေ့မှသာ သူ နားလည်လိုက်သည်၊ စုန့်ကွော်ကုန်းသည်လည်း သူ့အဘိုးဖြစ်သူအား လုပ်ကြံသတ်ဖြတ်သည့်အစီအစဉ်တွင် ပါဝင်ပတ်သက်နေခဲ့၏။

ယောက္ခထီးဖြစ်သူနှင့် ဇနီးဖြစ်သူ၊ သို့မဟုတ် သားဖြစ်သူ လက်ထဲရှိ ကြွယ်ဝချမ်းသာမှုများ အားလုံးက သူ့ကိုယ်ပိုင်လက်ထဲတွင် ရှိနေသည်ဟု ယူဆ၍မရ။ စုန့်သခင်မသည် သူ့ကို အလွန်လွယ်ကူစွာပင် သွေးဆောင်နိုင်ခဲ့၏။ ဖုရှီအန်းအသက်ရှိစဉ်ကတော့ သူ့ရင်ထဲတွင် အပြစ်ရှိစိတ်တို့ ခံစားချင်ခံစားမိနိုင်သည်။ သို့သော် ဖုရှီအန်းသေဆုံးသွားသည့်အခါ သူ့အတွက်တော့ စုန့်စုန့်က ခြိမ်းခြောက်မှုတစ်ခုထက်ပင် ပိုလာခဲ့၏။

ထို့ကြောင့်ပင် သူက စုန့်စုန့်နှင့် အနေဝေးလာပြီး စုန့်စုန့်ကို မုန်းတီးကာ စုန့်သခင်မကို စုန့်စုန့်အပေါ် နှိမ်ခွင့်ပေးထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now