(၆) နားရက် || နားရက္

29.6K 4.4K 109
                                    

{Unicode}

နားရက်
*****


လီရှောင်းကတော့ ဘေးမှာ စိတ်လှုပ်ရှားနေကြတဲ့ လူစုကြီးကို လျစ်လျူရှုထားသည်။ လီရှောင်းဆီက အမေးခံရပြီးနောက်မှာ စုန့်စုန့်က မန်နေဂျာဘက် လှည့်မေးသည်။
"ဖုကျစ်အခန်းမှာ ထိုင်နေတဲ့သူ တစ်ယောက်ယောက်များ ရှိလား။"

ဖုကျစ်အခန်းဟာ ဖူရှီအန်းစားသောက်ဆိုင်မှာ အကောင်းဆုံးနေရာ ဖြစ်သည်။ ထိုနေရာမှာ ထိုင်ရင် မြစ်ကို မြင်နိုင်ရုံသာမက ခေါင်မိုးထပ်ရှိ ဥယျာဉ်ကို တက်သွားလို့ရတဲ့ လှေကားလေးလည်း ရှိသည်၊ ဧည့်သည်တွေဟာ အချိန်မရွေး အပေါ်တက်ပြီး မြစ်ကြီးနဲ့ လှေသင်္ဘောတွေကို ရှုစားနိုင်သည်။ ဒါက အခြားအခန်းတွေမှာ မရှိတဲ့ အထူးဝန်ဆောင်မှုဖြစ်ပြီး ဂုဏ်ရှိကာ အကျော်ကြားဆုံးသော ဧည့်သည်တွေအတွက်သာ သုံးတာ ဖြစ်သည်။

သူ ထိုအခန်းမှာ ထိုင်ချင်ကြောင်း တန်းမပြောဘဲ အရင်မေးလိုက်တာ ဖြစ်သည်၊ ဘာကြောင့်ဆို သူ့အတွက်နဲ့ လီရှောင်းက တစ်ယောက်ယောက်ကို အပြစ်ပြုမိသွားမှာ စိုး၍ပင်။

မန်နေဂျာက ပြုံးပြီး
"မရှိဘူး... မရှိပါဘူး... အခန်းလွတ်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ။"
သူက အပေါ်ထပ်ကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြပေးလေသည်။

အောက်ထပ်က လူတွေကတော့ လီရှောင်းရဲ့ ပုံရိပ် ပျောက်သွားမှသာ ကိုယ့်နေရာကိုယ် ပြန်ထိုင်နိုင်ကြသည်။ အရမ်းကို ကြောက်တတ်ပြီး သတိကြီးတဲ့လူတွေကတော့ ထွက်သွားကြပြီး ရဲတဲ့လူအချို့သာ သူတို့ကြား တိတ်တဆိတ် ဆွေးနွေးနေကြသည်။

"ခုနက... စုန့်မိသားစုရဲ့ တရားမဝင်သားလေး မဟုတ်ဘူးလား။"
"သူ ဘယ်လောက်တောင် ပိန်နေတယ်ဆိုတာ မြင်လိုက်တယ်မလား။ အိမ်မှာ ဥပေက္ခာပြုခံထားရတာ နေမယ်။"

"အရင်က ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောစရာမလိုတော့ဘူးလေ။ ဒီကောင်လေးက အခု ကံကောင်းနေပြီပဲ၊ အရူးဘုရင်နဲ့တောင် အဆက်အဆံရှိနေပြီ။"

တစ်စုံတစ်ယောက်က အကျယ်ကြီး အော်ရယ်ရင်း မကောင်းတဲ့ ရည်ရွယ်ချက် တစ်စွန်းတစ်စနဲ့ ပြောလာသည်။
"သူက အရူးဘုရင်ကို သိတော့ရော ဘာဖြစ်လဲ။ သူ(လီရှောင်း)က ဘယ်လိုလူဆိုတာ မင်းတို့ မသိတာလည်း မဟုတ်ဘူး။ နောက်ရက်နည်းနည်းလောက်ဆို သူ(စုန့်စုန့်)လည်း ဇာတ်လမ်းလေးတွေထဲက တစ်ခုပဲ ဖြစ်သွားမှာ။ အဲ့အချိန်ဆို အိမ်တော်က လူတိုင်း သူတို့အခန်းတွေထဲမှာပဲ ပုန်းနေနိုင်ကြတာ... ဒီကုန်းဇီ(စုန့်စုန့်)က သူ့(လီရှောင်း)ဘေးနားမှာပဲ တစ်နေကုန် နေရမှာလေ၊ သူ(စုန့်စုန့်) ထွက်ပြေးလို့ ရမှာတောင် မဟုတ်ဘူး။ သူ မနက်ဖြန် နေထွက်ချိန်ကိုတောင် မြင်နိုင်ပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now