(၁၃) အတိတ်ကို စားမြုံ့ပြန်ခြင်း || အတိတ္ကို စားမြုံ့ပြန်ခြင်း

26.8K 4.1K 196
                                    

{Unicode}

အတိတ်ကို စားမြုံ့ပြန်ခြင်း
*****


လီရှောင်းရဲ့ မည်းနက်နေတဲ့ မျက်လုံးတွေနဲ့ သေချာလေ့လာဆန်းစစ်ခံနေရပြီး စုန့်စုန့်လည်း ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့ချေ။

သူ့မှာ ကွယ်ဝှက်ထားတဲ့ ရည်မှန်းချက်တွေ ရှိနေသည်ဟုလည်း ပြော၍မရပေ။ လီရှောင်းလို မြင့်မြတ်တဲ့ လူတစ်ယောက်မှာ ကြီးမားတဲ့ အတ္တမာနတွေ ရှိနေနိုင်သည်။ သူတို့ အတူရှိနေရတဲ့ အကြောင်းအရင်းက သူ့ရဲ့ကိုယ်ပိုင် ဩဇာတိက္ကမနဲ့ ပြည့်စုံခြင်းကြောင့်၊ သူ့ရဲ့ ဆွဲဆောင်မှုရှိခြင်းကြောင့် မဟုတ်တာကိုသာ သိသွားရင် သူ ကျိန်းသေပေါက်ကို အရှက်ရသွားပေလိမ့်မည်။

ထိုအချိန်ဆိုရင်တော့ ဒီ (၉၆)ပါး ရောဂါပျောက်စေတဲ့ဆေးဝါးလေး(စုန့်စုန့်)ဟာ သူ့ရဲ့မျက်စိထဲမှာတော့ ကြွက်ချေးအဖြစ်သာ ပြောင်းသွားပေလိမ့်မည်။

ကြွက်ချေးလေးက ပုလဲလုံးလေးလိုမျိုး တန်ဖိုးအထားခံနေရတာကို ဘယ်သူများ မြင်ဖူးကြလဲ...

စုန့်စုန့်က ကိုယ့်ကိုယ်ကိုယ် သိသည်။ သူ အလေးအနက် စဉ်းစားပြီး လီရှောင်းကို လှည့်ဖျားဖို့ နည်းလမ်းတစ်ခု ရသွားစဉ်မှာတော့ တစ်ဖက်လူရဲ့ မျက်လုံးတွေက နက်မှောင်လာတာကို သူ တွေ့လိုက်ရသည်။ နောက်တစ်ခါ ထပ်ပြီး လီရှောင်းက သူ့လက်ကောက်ဝတ်ကနေ ဆွဲယူလိုက်ကာ သူ့ကို ပြင်းပြင်းပြပြ နမ်းရှိုက်လာလေတော့သည်။ ဒီအနမ်းက အပြစ်ပေးခြင်းအရသာ တစ်မျိုးတစ်ဖုံ ပါဝင်နေကာ သူ့နှုတ်ခမ်းတွေ အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်လာတော့သည်။

အစေခံတစ်ယောက် သတင်းလာမပို့ခင် အချိန်အထိပင်။
"အရှင်... စုန့်မိသားစုက လူတစ်ယောက်က ကုန်းဇီကို ပြန်ခေါ်သွားဖို့ ရောက်နေပါတယ်။"
ထိုအခါမှသာ လီရှောင်းက သူ့ကို လွှတ်ပေးလေသည်။
စုန့်စုန့် လေကို အငမ်းမရ ရှူသွင်းနေရကာ ပါးပြင်တွေလည်း အနီရောင်သန်းနေပြီး လီရှောင်းအမိန့်ပေးလိုက်တာကို ကြားလိုက်ရလေသည်။
"သူတို့ကို စောင့်ခိုင်းထားလိုက်။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now