(၄၃) အမှတ်ပြည့် || အမှတ်ပြည့်

20.6K 3K 149
                                    

{Unicode}

အမှတ်ပြည့်
*****


ကျိရင်း၏ လက်ချောင်းက သူ့လက်ကောက်ဝတ်ပေါ်၌ အတန်ကြာ ရှိနေ၏။ စုန့်စုန့် မေးပြီးသည့်အခါ တစ်ဖက်လူက စကားပြန်မလာသေးသည်ကို မြင်လိုက်ရပြီး သူ့ရင်ထဲ၌ မသေမချာ စတင်ခံစားလာရတော့သည်။

လီရှောင်းနဲ့သူက အဲဒီအားထုတ်မှုတွေနဲ့ အချိန်တွေအားလုံးကို သုံးထားတာပဲလေ... ဘယ်လိုလုပ်ပြီး အခုထိ ဘာရလဒ်မှ ထွက်မလာရသေးတာလဲ...။

သူ ပြောလိုက်သည်။
"သမားတော်ကျိ?"

ကျိရင်းသည် အတွေးများထဲမှ ပြန်လည်ရောက်ရှိလာပြီး မတ်တပ်ထရပ်စဉ် အမူအရာမှာ မှင်တက်နေ၏။ သူ့လက်တို့သည် သူ့ဆေးသေတ္တာအတွင်းသို့ ရောက်ရှိသွားကာ ဘယ်ညာမွှေနှောက်ရှာနေသည်၊ သူ မည်သည်ကို ရှာနေမှန်းတော့ မည်သူမျှ မသိချေ။

အလွန့်အလွန် လိုလားတောင့်တစွာ စုန့်စုန့်သည် နူးညံ့လှသည့် ဖိနပ်ပါးကို ရှပ်တိုက်လျှောက်ကာ ပြောလိုက်မိသည်။
"သမားတော်ကျိက လုံလုံလောက်လောက် မကျွမ်းကျင်တာများ ဖြစ်နေမလား။ ခင်ဗျား ရောဂါမရှာနိုင်ဘူးလား။"

"အဓိပ္ပာယ်မရှိတာ!"
ကျိရင်းသည် နောက်ဆုံးတွင် အသိပြန်ကပ်လာကာ ပြော၏။
"ဝမ်ဖေးရဲ့ သွေးခုန်နှုန်းကသာ... တကယ်ကို ရှားပါးနေတာ။ ကျွန်တော် သေချာအောင် ထပ်လုပ်ရဦးမယ်။"

"တစ်ခါမှ မမြင်ဖူးတာလား၊ ဒါမှမဟုတ် ကျွန်တော့်လိုလူဆီမှာ မတွေ့သင့်တာမျိုးလို့ ခင်ဗျား ခံစားရတာလား။"

ကျိရင်းက သူ့လောကမြင်ကွင်းတစ်ခုလုံး ပြိုလဲတော့မည့်အလား စုန့်စုန့်၏မျက်လုံးများထဲသို့ ကြည့်လာကာ ရိုးရိုးသားသားပင် ပြောလာ၏။
"ဝမ်ဖေးဆီမှာ ပေါ်လာဖို့က... တကယ်ကို အရမ်းမမျှော်လင့်ထားတာကြီး၊ ပြီးတော့ အရမ်းလည်း ထိတ်လန့်ဖို့ကောင်းလွန်းတယ်။"

သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်အချို့ ရှိနေဆဲပင်။ သို့သော်ငြား စုန့်စုန့်သည် တစ်ဖက်လူ၏ စကားလုံးများနှင့် စကားအသွားအလာမှတစ်ဆင့် သူ့အခြေအနေကို အဖြေထုတ်လိုက်နိုင်၏။ သူ မပြုံးမိဘဲ မနေနိုင်တော့ချေ၊ သူ့အမူအရာက နွေးထွေးမှုအချို့ ဝင်ရောက်လာကာ မျက်နှာမှာ သွေးရောင်ဖြန်းလာတော့သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now