(၇၃) ခေါင်းမာသော || ခေါင်းမာသော

17.6K 3.1K 523
                                    

{Unicode}

ခေါင်းမာသော
*****


လီရှောင်းက သူ့ကို စိုးရိမ်ပူပန်ရသောကြောင့် စကားမပြောနိုင်၊ မကြားနိုင်ဖြစ်သွားလိမ့်မည်ဟု စုန့်စုန့် အိပ်မက်ပင်မမက်ဖူးခဲ့ချေ။ ကျိရင်း၏ စကားလုံးတို့က တကယ်ပင် သူ့ကို သေလောက်အောင်ကြောက်လန့်သွားစေသည်။ သူ လီရှောင်း၏ရင်ခွင်ထဲ၌ မှီတွယ်ကာ မျက်ရည်စက်လက်နှင့် သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
"အရှင် ဒီလိုသာဖြစ်နေမယ်ဆို ကျွန်တော် ဘယ်လိုလုပ်ရပါ့မလဲ။"

"အားလုံး ကျွန်တော့်အမှားတွေပါ..."

လီရှောင်းက သူ့မျက်ရည်တို့ကို သုတ်ပေးလာ၏။ ခြေပစ်လက်ပစ်ဖြစ်သွားသော စုန့်စုန့်က တဒင်္ဂတော့ အပြစ်ရှိစိတ်ကို ခံစားရပြီးနောက် အိပ်မောကျသွားလေတော့သည်။

လီရှောင်းက စုန့်စုန့်၏ စိုစွတ်နေသောမျက်တောင်တို့ကို ငုံ့ကြည့်ကာ ခပ်တိုးတိုး အသံပြုသည်။
"စုန့်အာ?"

တကယ် အိပ်ပျော်သွားပြီပဲ...။

လီရှောင်းက သူကိုယ်တိုင် ခြုံစောင်များကို လဲလှယ်ပြီးနောက် သူ့ချစ်ရသူလေးကို အိပ်ရာပေါ် တင်ပေး၏။ စုန့်စုန့်သည် လီရှောင်း၏အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်မှာ လီရှောင်း စိတ်လွတ်ပြီး အခြားလူများကို အန္တရာယ်ပေးမိမည်ကို စိုးရိမ်နေသည့်အလားပင်။

လီရှောင်းက စုန့်စုန့်ကို ငုံ့နမ်းပြီး လက်ချောင်းတို့ကို အသာဆွဲဖယ်သည်။ စုန့်စုန့်က ရုတ်ခြည်းနိုးလာ၏။
"အရှင်!"

"... ..."
လီရှောင်းလည်း အိပ်ရာပေါ်တက်ကာ စုန့်စုန့်နှင့်အတူ လဲလျောင်းလိုက်ရပြီး စုန့်စုန့်ကို သူ့လက်မောင်းများကြား ထွေးပွေ့ထားလိုက်တော့သည်။

စုန့်စုန့်က လီရှောင်း၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ လှစ်ခနဲအနားကပ်လာပြီး တိုးတိုးညင်းညင်း ပြောလေသည်။
"လျှောက်မသွားနဲ့နော်။"

သူ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ နုံးနေသောကြောင့် ဖြစ်နိုင်သည်၊ လီရှောင်းက သူ့ပြောသည်ကို မကြားနိုင်ကြောင်း သူ ခဏမေ့လျော့သွားသည်ပင်။ ညွှန်ကြားပြီးနောက် ပြန်အိပ်ပျော်သွားတော့သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now