(၆၉) ထောက်ထားညှာတာခြင်း || ထောက်ထားညှာတာခြင်း

17.7K 2.8K 107
                                    

{Unicode}

ထောက်ထားညှာတာခြင်း
*****


ဘုရင့်အိမ်တော်နှင့် နန်းတော်က သိပ်မဝေးလှသော်ငြား စုန့်စုန့်ကမူ အားကြိုးမာန်တက် ထုပ်ပိုးလိုက်သေး၏။

ပုံမှန်ဆိုလျှင် သူ မည်မျှပိုင်ဆိုင်ထားသည်ကို အဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ သူ ရွှေ့ပြောင်းရတော့မှသာ 'သူဆင်းရဲတစ်ယောက်သည်ပင် အတိတ်ကိုတသလွမ်းဆွတ်ခြင်း၌ ကြွယ်ဝချမ်းသာ၏' ဆိုသည်ကို ကြုံတွေ့လိုက်ရတော့သည်။ သူ မည်မျှပင် ထုပ်ပိုးပါစေ၊ များသထက်များလာသည့်ပုံ ဖြစ်နေ၏။

သူစိုက်ပျိုးထားသည့် ပန်းပင်မြက်ပင်အားလုံးကိုလည်း နန်းတော်သို့ ယူဆောင်သွားရန် ရထားလုံးပေါ် တင်ခိုင်းထားသေးသည်။ ထိုအပင်တို့ကို သူက သေချာဂရုစိုက်လေသည်။ ပန်းပွင့်တို့က လှလှပပ ပွင့်လန်းနေကြပြီး အရွက်များက အလျှံပယ် ကြီးထွားလာကြသည်။ ၎င်းတို့ကို လီရှောင်း မြင်သည့်အခါ စုန့်စုန့်က ဇနီးသည်နှင့် မိခင်အရာတွင် စံတင်လောက်သူဟုပင် ချီးမွှမ်းခဲ့သေး၏။

စုန့်စုန့်ကတော့ တုံ့ပြန်သည့်အနေနှင့် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

....................

အရာအားလုံး ထုပ်ပိုးသိမ်းဆည်းပြီးသည့်အခါ စုန့်စုန့်သည် ရထားလုံးကိုစီးကာ နန်းတော်ထဲသို့ ဝင်သည်။ ပုံမှန် သူ နန်းတော်ကို ဝင်ထွက်စဉ်က သေချာသတိမပြုမိခဲ့ပေ။ သို့သော် ယခုမူ သူ နေထိုင်ရမည်ဖြစ်ရာ နန်းတော်တံတိုင်းများက မြင့်မားကာ အဆုံးမဲ့နေသည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားရ၏။

ရထားလုံးခန်းဆီးကို ပင့်လိုက်ရင်း သူ့အကြည့်က တဖြည်းဖြည်းနီးကပ်လာသည့် နန်းတော်အဝင်ဝသို့ ကျရောက်သွားသည်။ ဂိတ်ဝကို ရထားလုံးက လုံးလုံးလျားလျား ဖြတ်ကျော်သွားပြီးမှသာ ခန်းဆီးကို ပြန်ချလိုက်လေသည်။

စုန့်စုန့်၏ရင်ထဲတွင် ဖော်ပြမရနိုင်သော ခံစားမှုကို ရုတ်တရက် ခံစားလာရပြီး အနည်းငယ် ညှိုးမှိုင်ကာ အနှစ်သာရမဲ့နေ၏။

....................

များမကြာမီ ရထားလုံးလည်း ရပ်တန့်သွားတော့သည်။ စုန့်စုန့်သည် ခွေးခြေခုံမှတစ်ဆင့် ဆင်းပြီးနောက် ရုတ်ခြည်း အံ့အားတသင့် ရပ်တန့်သွားလေ၏။
"ကျွန်တော်တို့က ဘာလို့ ဒီကိုရောက်နေတာလဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now