(၇၀) ထားလိုက်ပါတော့ || ထားလိုက္ပါေတာ့

18.6K 3K 399
                                    

{Unicode}

ထားလိုက်ပါတော့
*****


စုန့်စုန့်၏ ပစ္စည်းပစ္စယအလုံးစုံကို ရန်ရှင်းနန်းဆောင်ထဲတွင် ပုံထားလေသည်။ သူ့ပန်းပင်တို့ကိုလည်း ဧကရီကျောက်၏တရုတ်နှင်းဆီများဘေးတွင် နေရာချထားသည်။

ရာသီဥတုက ပူနွေးလာလေပြီ။ စုန့်စုန့်လည်း သူ့ချည်ဝတ်ရုံတို့ကို ချွတ်ပြီး အပေါ်ထပ်ဝတ်ရုံများသည် အဝတ်တစ်ထပ်အဖြစ်သာ ပြောင်းသွားတော့သည်။ သူ တစ်ချိန်လုံး ပူပန်နေခဲ့သည့်အရာက ဖြစ်မလာခဲ့ပေ။ သူ့ကို ရန်ရှင်းနန်းဆောင်၌ နေစေခြင်းအတွက် မည်သူကမျှ လီရှောင်းကို အထွန့်တက်မလာခဲ့။ သူ နေသည်မှာ ပိုကြာလာလေလေ၊ ထူးဆန်းသည်ဟု ခံစားလာရလေလေပင်။

....................

တစ်နေ့တော့ အင်ပါယာနည်းပြကျောက်သည် နန်းတော်ထဲဝင်ကာ ဧကရာဇ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ၏။ သူတို့က မိသားစုတစ်စုတည်းဖြစ်သောကြောင့် စုန့်စုန့်ကိုယ်တိုင်သာ လက်ဖက်ရည် ယူသွားပေးလိုက်သည်။ ထိုအခါ သူ အမှတ်မထင် ကြားလိုက်ရလေ၏။
"ခုတစ်လော အမတ်အိုကြီးတွေက ကျွန်တော်မျိုးရဲ့အိမ်တော်ကို လာရောက်လည်ပတ်နေကြပါတယ်။ သူတို့က ဧကရီ့ကို ညီလာခံမှာ အရှင့်အနား အဖော်ပြုပေးစေချင်နေကြကြောင်းပါ။"

စုန့်စုန့်သည် ခေါက်ကန့်လန့်ကာနောက်၌ ရပ်နေကာ အမူအရာမှာ အလွန်အံ့အားသင့်သွားရ၏။ သို့သော် လီရှောင်းက ဆိုသည်။
"စုန့်အာက လက်ရှိ ကိုယ်ဝန်ဆောင်နေရတာ။ ရာသီဥတုက အရမ်းအေးလွန်းတယ်၊ သူ့အတွက် မသင့်လျော်ဘူး။"

"သို့ပေသိ အမတ်များက အရှင့်ရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်နေကြကြောင်းပါ။ ညီလာခံအတွင်း သူတို့ ပွင့်ပွင့်လင်းလင်း မပြောရဲတာတွေလည်း ရှိနေပါတယ်။"

ညီလာခံအမတ်များကြား ပေါ်ပေါ်ထင်ထင် ဝေဖန်ပြီး အမှန်တရားကို ပြောလိုသူများ ရှိကြသည်။ သို့သော် မရှိမဖြစ်ထားရမည့် လိုအပ်ချက်မှာ သူတို့က သာမန်ပြည့်ရှင်တစ်ပါးနှင့် ရင်ဆိုင်နေရန်ပင်။ ပြောရန်ပင်မလိုအောင် ထင်ရှားလွန်းလှသည်၊ လီရှောင်းက သာမန်ဟူသည်နှင့် လွန်စွာဝေးကွာနေသူဖြစ်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Opowieści tętniące życiem. Odkryj je teraz