(၂၇) တွက်ချက်မှုများ || တြက္ခ်က္မႈမ်ား

24.8K 3.5K 337
                                    

{Unicode}

တွက်ချက်မှုများ
*****


လူတိုင်း အတူရပ်နေကြပြီး လက်ထောက်ဟွောင်၏ အရံစစ်သည်တို့ ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။ အရာရှိလျို၏ အမူအရာသည်လည်း စိုးရိမ်ကြောင့်ကြမှု ခပ်ပါးပါး ပေါ်လွင်လာပြီဖြစ်၏။

များမကြာမီ... သူတို့၏ နားထဲ၌ ခြေသံတို့ ကြားလာရ၏။ ညီညီညာညာ ချလှမ်းလိုက်သည့် ခြေသံတို့သည် မိုးချုန်းသံအလားပင်။ လူတွေကို မမြင်ရသေးသော်ငြား အရာရှိလျို အနည်းငယ် ပို၍ စိတ်ငြိမ်လာသည်။
ခြေသံတွေအရဆိုရင်တော့ ဒီလူတွေက သိပ်မဆိုးဝါးလောက်ပါဘူး...။
ယခုကဲ့သို့သော အားအင်နှင့်ဆိုလျှင် သူတို့ဟာ အနည်းဆုံးတော့ နည်းနည်းပါးပါး အရေးပါပေလိမ့်မည်။ လီရှောင်းက ဤသို့သော စစ်သည်တို့ကို အဘယ့်ကြောင့် စွန့်ခွါပေးလိုက်ရန် ဆန္ဒရှိမှန်း သူ မသိခဲ့ရုံသာ ဖြစ်သည်။

အရူးဘုရင်က ရုတ်တရက် သူ့ဘက်လှည့်ကာ ပြောလာသည်။
"ဒါက ဒီဘုရင် အလေးထားဆုံး တပ်ခွဲပဲ။ မင်း သူတို့ကို ကောင်းကောင်း ဂရုစိုက်ပါ။"

လီရှောင်းက တကယ်ကြီး သူ့ရဲ့ အလေးထားရဆုံး စစ်သည်တွေကို ပေးမလို့လား...။ သူတို့ကို အတွင်းထဲကနေ တိုက်ခိုက်ဖို့ အခွင့်အရေး လိုချင်တာများ ဖြစ်နိုင်မလား...။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး...။ ဒီအဖွဲ့ တုံးဝေစစ်တန်းလျားကို ရောက်တာနဲ့ သူတို့ကို ခွဲခြားလိုက်မှာ...။ ခွဲလို့မရတဲ့လူတွေကို ပြန်လေ့ကျင့်ပေးလို့ရတယ်...။ လေ့ကျင့်ပေးလို့ မရတဲ့လူတွေကိုတော့ သူတို့ရဲ့ သေဆုံးခြင်းဆီ ပို့ဆောင်ပေးဖို့ အကြောင်းပြချက် ရှာရမှာပဲ...။

သူ ပြုံးကာ ပြောလိုက်သည်။
"ဝမ်ရယ့်ရဲ့ ကြီးမားလေးလံတဲ့ ယုံကြည်မှုကို လက်ခံရရှိဖို့အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။"

သူ၏နံဘေးမှ တစ်ယောက်က ရုတ်တရက် သူ့ကို လက်တို့ကာ ပြောလာသည်။
"ဆရာ... ကြည့်...ကြည့်ပါဦး..."

သူတို့၏ရှေ့မှောက်၌ ဖြောင့်တန်းသည့် မျက်ခုံးတို့ရှိသည့် ယောက်ျားတစ်ယောက်က လူတစ်စုကို ခေါ်ဆောင်ကာ ထောင့်ချိုးတစ်ခုမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေ၏။ သန်မြန်ကာ ကိုယ်ထည်ကြီးမားလှသည့် စစ်သည်(၁၀၀)ခန့်က အားမာန်တက်ကြွသည့် ခြေလှမ်းတို့ဖြင့် ညီညီညာညာ လှမ်းလာလေသည်။ အရာရှိလျိုလည်း ငလျင်လှုပ်သယောင် ခံစားရကာ တုန်ယင်နေပြီး သူ၏မျက်နှာသည်လည်း ထုံထိုင်းလာရတော့သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Hikayelerin yaşadığı yer. Şimdi keşfedin