(၁၅) စိတ်ထဲ စွဲထင်နေသော || စိတ္ထဲ စြဲထင္ေနေသာ

26.4K 4.1K 286
                                    

{Unicode}

စိတ်ထဲ စွဲထင်နေသော
*****


"ဝမ်ရယ်... တခြားသူတွေရဲ့ ထွေရာလေးပါး အတင်းအဖျင်းတွေကို နားမယောင်သင့်ပါဘူး။ ဒီနိမ့်ကျတဲ့အမတ်က စုန့်အာကို တစ်ခါမှ မမျှမတ မဆက်ဆံဖူးကြောင်းပါ..."

သူ ပြောနေရင်း သွားတွေအချင်းချင်း တချောက်ချောက် ထိခတ်မိနေသည်။ သူ့မျက်နှာပေါ်က ကြွက်သားတွေဟာလည်း ထိန်းချုပ်မရအောင်ကို တုန်ယင်နေသည်။ အနက်ရောင် လည်ရှည်ဖိနပ်ရှေ့မှာ ရှိနေတဲ့ နဖူးပြင်ကနေ ချွေးစေးတွေက ကြမ်းပြင်အထိ တတောက်တောက် ကျနေလေသည်။

ဒီလဝက်လောက်အတွင်း စုန့်စုန့်က လီရှောင်းရဲ့နှလုံးသားထဲမှာ ဒီလိုအရေးကြီးတဲ့ နေရာတစ်ခုကို အပိုင်သိမ်းထားလိုက်နိုင်ပြီး လီရှောင်းရဲ့ အထိမခံတဲ့ အမျက်ဒေါသလေး ဖြစ်လာလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးပေ။

သူ့စိတ်ထဲ ဒီလိုအတွေးဝင်လာတာနဲ့ သူ ရုတ်တရက် မော့ကြည့်လိုက်မိသည်။ သူ့ရဲ့ တုန်လှုပ်နေတဲ့ အမြင်အာရုံက စုန့်စုန့်ဆီ ဦးတည်သွားကာ အနူးအညွတ် တောင်းဆိုလေတော့သည်။
"စုန့်အာ... စုန့်အာ... တစ်ခုခု ပြောပါဦး။ အဖေက မင်းကို ဘယ်တုန်းကများ မမျှမတ ဆက်ဆံဖူးလို့လဲ? စုန့်အာ?"

စုန့်စုန့်ကတော့ သူ့ကို အကြည့်ကလေးတစ်ချက်မျှ စွန့်ကြဲမလာပါချေ။ ဒါပေမဲ့ လီရှောင်းကို ကြည့်လိုက်လေသည်။ လီရှောင်းကလည်း ခေါင်းကို လှည့်လာပြီး ညင်ညင်သာသာ ပြန်လည် စိုက်ကြည့်လေသည်။ ထိုအခိုက်အတန့်မှာ လီရှောင်းဟာ စုန့်စုန့်ရဲ့ လက်တွေထဲက မြားတစ်စင်းလိုပင်၊ ခပ်တင်းတင်းဆွဲကာ ချိန်ရွယ်ထားပြီးသား ဖြစ်သည်။ သူ ပစ်လွှတ်လိုက်ဖို့သာ ကျန်တော့သည်၊ ထို့နောက်တော့ ဒီလူက ချက်ချင်းဆိုသလို အငြိုးကြီးတဲ့ စိတ်ဝိညာဉ်တစ်ခုလိုမျိုး ပြေးထွက်ထိုးခွင်းသွားတော့မှာပင်။

အဝတ်တွေ ထိခတ်သံနဲ့အတူ စုန့်စုန့်က လီရှောင်းရဲ့အရှေ့ကို ရောက်လာပြီး လက်ကို ဆွဲကိုင်လာသည်။
"ဒီခြံဝင်းက သိပ်မကောင်းဘူးလို့ အရှင် ထင်ရင်လည်း ကျွန်တော်တို့ ဒီအတိုင်း ပြောင်းလိုက်လို့ ရတယ်လေ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now