(၅၄) စိုးရိမ်ပူပန်ခြင်း || စိုးရိမ်ပူပန်ခြင်း

18.8K 3K 79
                                    

{Unicode}

စိုးရိမ်ပူပန်ခြင်း
*****


'သဝန်တိုခြင်း' စိတ်ခံစားမှုဟာ အမျိုးသမီးများ၊ ဆိုးယုတ်သော စရိုက်သက်သက်နှင့်သာ သက်ဆိုင်သည်မဟုတ်။ သို့သော် အမျိုးသားအများအပြားသည် သူတို့၏ သဝန်တိုစိတ်ကို ဝန်ခံလိုစိတ်မရှိကြပေ။ ယောက်ျားတစ်ယောက်က အဆင့်အတန်းရာထူး ပိုမြင့်လေလေ၊ အတ္တပိုကြီးလေလေဖြစ်သည်။ သူ့လက်တွဲဖော်တို့ကို အသုံးအဆောင်အဖြစ်သာ ဆက်ဆံပြီး စွန့်ကြဲပေးကမ်းခြင်း၊ အကူအညီပေးထောက်ခံခြင်းတို့ကို သူ့ချစ်ခြင်းမေတ္တာဟု အမည်တပ်ပေလိမ့်မည်။

ဤသည်က ယခုခေတ်ကာလ ယောက်ျားသားများ သွန်သင်ပေးခံထားရသည့်ပုံစံဖြစ်သည်။

အထူးသဖြင့် ဧကရာဇ်၏ သားတော်တစ်ပါးဖြစ်သော လီရှောင်းလိုလူပင်။

....................

သူ ပြောပြီးသည်နှင့် သူ့ကိုယ်သူ ထိုက်တန်သည်ထက်ပို၍ ကြီးကျယ်စိတ်ပေးလိုက်မိသည်ကို စုန့်စုန့် နားလည်လိုက်သည်။ လီရှောင်းက သူ့ကို သဘောကျနှစ်သက်နိုင်သည်၊ တုန်နေအောင် ချစ်နိုင်သည်၊ သူ့(လီရှောင်း)ပိုင်ဆိုင်မှုကို အခြားတစ်ယောက်က ငမ်းငမ်းတက်လိုချင်သောကြောင့် စိတ်ဆိုးဒေါသထွက်နိုင်သည်၊ သို့သော် သူ့(စုန့်စုန့်)ကိုတော့ အဘယ်တော့မှ သဝန်တိုလိမ့်မည်မဟုတ်ပေ။

နောက်ဆက်တွဲအနေနှင့် သူ ရှင်းပြလိုက်သည်။
"ကျွန်တော်က ကျီစယ်ရုံပါ။"

ထို့နောက် လွှားခနဲ အနည်းငယ်နောက်ဆုတ်လိုက်သည်။ ရုတ်တရက် သူ့ခါးအား လှမ်းဖက်တွယ်ခြင်း ခံလိုက်ရလေ၏။ လီရှောင်းက အလျှော့မပေးသော လေသံနှင့် ပြောလာသည်။
"ဘာလို့ ကျီစယ်တာ ဖြစ်ရသလဲ။ ဒီဘုရင်က သဝန်တိုလို့မရဘူးလား။"

လီရှောင်း မလုပ်နိုင်သည်မဟုတ်၊ စုန့်စုန့်ကိုယ်တိုင်က သူ အလိုလိုက်ခံရလွန်နေပြီး အနည်းငယ် အရှက်မဲ့သွားသယောင် ခံစားလိုက်ရခြင်းပင်။

"အင်း... အရှင် အလိုရှိတဲ့အတိုင်းပါပဲ။"
စုန့်စုန့် သူ့ကို ပြုံးပြလိုက်ပြီး မေးခွန်းအား ကျော်ချသွားရန် ရည်ရွယ်လိုက်သည်။ သို့သော် လီရှောင်းက အတောမသတ်နိုင်ပေ။ စုန့်စုန့်ကို မလွှတ်ပေးသည့်အပြင် အနားပင် ထပ်တိုးလာ၏။
"မင်းလေးက ဒီဘုရင်ကို နားမလည်သေးဘူးပဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now