(၂၂) မင်္ဂလာဦးည || မဂၤလာဦးည

28.5K 3.9K 236
                                    

{Unicode}

မင်္ဂလာဦးည
*****


စုန့်စုန့်ရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက လီရှောင်းရဲ့ အကြည့်နဲ့ ဆုံတွေ့သွားတဲ့အခါ နှလုံးခုန်နှုန်းတွေ ပိုမြန်လာလေသည်။

ဘယ်လို ကောင်းချီးသညာလဲ...
စုန့်စုန့် သိပ်မသေချာတာကြောင့် သူ့ဘာသာသူလည်း ဆုံးဖြတ်ချက် မချရဲပေ။ သူ နှစ်စက္ကန့်လောက် ငေးကြောင်ကြောင် ဖြစ်နေပြီးနောက် သူ့ရဲ့ မျက်နှာလွှား ဇာပါးကို ရုတ်ခြည်း အကုန်ဆွဲလှန်လိုက်ကာ စားပွဲရှေ့ မတ်တပ်သွားရပ်လိုက်သည်။ ဝိုင်ကရားကို ကောက်ယူလိုက်ပြီး ဝိုင်ကို ခွက်နှစ်ခွက်ထဲ ထည့်လိုက်သည်။  ဒီဝိုင်ကရားနဲ့ ခွက် အစုံလိုက်က ထိုနေ့က မင်ရွှမ်းကနေ သူ ဝယ်လာခဲ့တဲ့တစ်စုံပင် ဖြစ်သည်။

ခွက်တွေကို ယူလိုက်ပြီး ပြန်လျှောက်သွားလိုက်ကာ
"ဝိုင် ဖလှယ်ကြရအောင်ပါ။ အရှင်နဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုသေလေးစားမှုနဲ့အတူ အိမ်ထောင်ရေး အတိသုခအပြည့်နဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနေထိုင်သွားရဖို့ တောင်းဆုပြုပါတယ်။"

လီရှောင်းက မလှုပ်ချေ။ စုန့်စုန့်လည်း ခွက်တွေကို ကိုင်ထားရင်း ဆက်ပဲကိုင်ထားရမလား၊ အောက်ပဲချလိုက်ရမလား ဝေခွဲမရ ဖြစ်သွားရသည်။ သူ အနည်းငယ် သိုသိပ်စွာ စိတ်လှုပ်ရှားကြောက်ရွံ့နေပြီး ဒုတိယအတွေး ဝင်လာပြန်သည်။
သူ အခု လီရှောင်း စိတ်အနှောင့်အယှက် ဖြစ်စေမဲ့အရာ တစ်ခုခုများ ပြောလိုက်မိတာလား... လီရှောင်းက သူနဲ့အတူ အသက်သေဆုံးသည်အထိ အတူမနေချင်ဘူးလား...

ဒါက ဖြစ်နိုင်ချေတစ်ခုပဲ... အရင်တုန်းက ထိုကလေး မီးလောင်သေဆုံးသွားခဲ့တာကို မြင်ခဲ့ရချိန်တုန်းကပဲ သူ ထွက်ခွါလာခဲ့ရတာ... လီရှောင်းက စုန့်ကောနဲ့အတူ အိုမင်းတဲ့အထိ နေထိုင်သွားလားဆိုတာ သူ မသိခဲ့ရဘူး...

"စကားအသုံးအနှုန်းကို ပြောင်းလိုက်၊ ဒါဆို ဒီဘုရင် သောက်မယ်။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now