(၅၁) နားလည်ခြင်း || နားလည်ခြင်း

18.8K 3.1K 64
                                    

{Unicode}

နားလည်ခြင်း
*****


ဤသည်က သူ ယုတ်စွအဆုံးပြောခဲ့ခြင်းပင်၊ သို့သော် သူ့စိတ်ထဲတွင်တော့ ဤကဲ့သို့ မဟုတ်ပါပေ။ ပင်မအိမ်တော်ထဲသို့ နှစ်ယောက်သား အတူဝင်လာကြပြီးနောက် စုန့်စုန့်သည် စားသောက်ဖွယ်တို့ကို အမြန်ယူလာရန် စေလိုက်၏။

ယခုအချိန်တွင် သူ တကယ်ကို အလွန်ဗိုက်ဆာနေလေပြီ။

ခုတစ်လော သူ အသားများများ စားလာတတ်ပြီး ဝက်သားမဟုတ်လျှင် ကြက်ရင်ပုံသားပင်ဖြစ်သည်။ လီရှောင်းမှာ စုန့်စုန့်ကို ကြည့်ရင်း ပူပန်လာရသည်။
"ကျိရင်းက မင်းကို ဒီလိုဟာတွေ လျှော့စားဖို့ ပြောထားတယ်မဟုတ်လား။"

"နည်းနည်းလေးပါပဲ။"
နှုတ်ခမ်းများ၌ အဆီတဝင်းဝင်းဖြစ်နေသည့် စုန့်စုန့်က တိုးတိုးညင်းညင်းပြောလာ၏။
"နောက်ရက်နည်းနည်းလောက်ကြာရင် 'တုံ့ပြန်မှု'သေးသေးလေးစတာနဲ့ ကျွန်တော် ဘာမှစားလို့ရတော့မှာမဟုတ်ဘူး။"

လီရှောင်း နားမလည်ပေ၊ သို့သော် စုန့်စုန့် အားရပါးရ စားသောက်နေသည်ကို ကြည့်ကာ မတားရက်တော့ချေ။
"ဖြည်းဖြည်းစားချေ။"

"အာ ဟုတ်သားပဲ၊ ဒီနေ့ ခမည်းတော်က အရှင့်ကို ဘာခေါ်ပြောတာလဲ။"

"အိမ်ခြေရာမဲ့ဒုက္ခသည်တွေ ကိစ္စပါ။ သိပ်မကြာခင်တုန်းက မင်းရဲ့စိတ်ကူးကို ကိုယ်ပြောပြလိုက်တာ။ အဲဒီအချိန်တုန်းကတော့ ခမည်းတော်က ကိုယ့်ကို မစိုးရိမ်ဖို့ ပြောခဲ့တာ။ ဒီတာဝန်ကို အိမ်ရှေ့စံကို ပေးချင်လို့နေမယ်။ ဒါပေမဲ့ အခုကျတော့ ရုတ်တရက် စိတ်ပြောင်းသွားပြီး ကိုယ်တို့နိုင်ထားတဲ့ရွှေတွေကို သုံးပြီးတော့ စီစဉ်စရာတွေကို စီစဉ်ဖို့ ပြောလာတယ်။"

စုန့်စုန့်၏မျက်လုံးတို့ ပြိုးပြိုးပြက်ပြက် လက်သွားသည်။
"ဆိုလိုတာ ဧကရာဇ်ကြီးက..."

အိမ်ခြေရာမဲ့ဒုက္ခသည်များကို နေရာချပေးခြင်းသည် စုန့်စုန့်၏ ရုတ်တရက်စိတ်ကူးမှ ဖြစ်တည်လာသော်ငြား တကယ်တော့ လူအများ၏စိတ်နှလုံးကို အပိုင်သိမ်းရန် အလွန်ကောင်းလှသည့် နည်းလမ်းပင်ဖြစ်သည်။ ကနဦး၌ ဧကရာဇ်သည် အိမ်ရှေ့စံအား လုပ်ပိုင်ခွင့်ပေးလိုသည်မှာ အိမ်ရှေ့စံအား ပြည်သူများ၏ထောက်ခံမှုကို ရရှိစေလို၍ဖြစ်သည်။ ယခု ရုတ်တရက် စိတ်ပြောင်းသွားပြီး  လီရှောင်းအား တာဝန်ပေးလာခြင်းသည် အိမ်ရှေ့စံအား အနာဂတ်အုပ်ချုပ်သူဖြစ်လာရန် ထောက်ပံ့ပေးမည့်ဆုံးဖြတ်ချက်ကို စတင်ပြောင်းလဲလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now