အနှစ်ချုပ် || အႏွစ္ခ်ဳပ္

132K 5.1K 99
                                    

{Unicode}

အတိတ်ဘဝမှာ စုန့်စုန့်ဟာ သနားစရာကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်တယ်။ သတ်ဖြတ်ခံခဲ့ရတဲ့အပြင် သူ့ရဲ့ ဖြစ်တည်မှုနဲ့ သူ့ကလေးကိုပါ လုယူခံခဲ့ရပြီး သူ့နေရာကို ဝင်ယူခဲ့တဲ့လူကတော့ သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံးသော အမျိုးသား မိဖုရားခေါင်ကြီး ဖြစ်လာခဲ့တယ်။

လီရှောင်းရဲ့ အတိတ်ဘဝက ပိုတောင် သနားစရာ ကောင်းနေပြန်တယ်။ အဆိပ်ကြောင့် စိတ္တဇဖြစ်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ကင်းမဲ့ကာ လူတွေ မရေမတွက်နိုင်အောင် သတ်ခဲ့မိတယ်။ ထိုဘဝမှာ သူ့ကို ကုသပေးနိုင်တဲ့ တစ်ဦးတည်းသောသူကို လွဲချော်ဖို့သာ ဖြစ်လာခဲ့တယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာတော့ သူက လီရှောင်းကို ကုသပေးနိုင်တဲ့ဆေး ဆိုတာကို စုန့်စုန့် သိခဲ့ရလေတယ်။ လီရှောင်းကသာ သူ့ရဲ့ အားအကြီးဆုံး ထောက်ပံ့ပေးသူ ဖြစ်လာနိုင်တာကိုလည်း သူသိတယ်။ အတိတ်ဘဝတုန်းက သေဆုံးသွားခဲ့တဲ့ သူတို့ရဲ့ ကလေးကို ပြန်ရဖို့အတွက် ဒီတစ်ခါတော့ သူကပဲ ဦးဆောင် ခြေလှမ်းစဖို့ ဆုံးဖြတ်လိုက်တော့တယ်။
လီရှောင်းကတောင် ပိုပြီးတော့ စိတ်အားထက်သန်နေတာလားဟ !

ဒီဝတ္ထုရဲ့ ပုံစံက ကျစ်လျစ်ပြီး လိုရင်းတိုရှင်းနဲ့ မြူးမြူးကြွကြွ အသက်ဝင်ပါတယ်။ စည်းချက်ကလည်း အနေတော်ပါပဲ။
တစ်ဖက်မှာက ရန်သူတွေကို လက်စားချေဖို့ ဖြစ်ပြီး၊ အခြားတစ်ဖက်မှာကတော့ အရမ်း အရမ်းကို ချိုမြိန်သာယာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တယ်။
နှစ်ယောက်စလုံး ပြန်လည်မွေးဖွားလာခြင်းက ဇာတ်လမ်းကို လျင်လျင်မြန်မြန်ပဲ အရှိန်ရစေပါတယ်။

ဇာတ်ကောင်တစ်ယောက်ဟာ ဩဇာတိက္ကမ ရှိတဲ့ သူဌေးကြီးရဲ့လက်ဖွာဖွာ မြေးလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ အချစ်ခံရတဲ့ တော်ဝင်မင်းသားလေး တစ်ပါးပါ။ နှစ်ယောက်စလုံးဟာ ကံကောင်းထောက်မတဲ့ ကလေးတွေ ဖြစ်ခဲ့ရပေမဲ့ ယုတ်မာတဲ့ အကြံအစည်တွေရဲ့ သားကောင်ဖြစ်လာခဲ့ရပြီး ခိုကိုးရာမဲ့ခဲ့ရတယ်။

ဒါပေမဲ့ အချင်းချင်း အပြန်အလှန် ထောက်ပံ့အားပေးပြီး ကုစားရင်း သူတို့ဟာ အမှားတွေကို အမှန်ပြင်ကာ အရာအားလုံး ပြန်လည်ပြီး အစီအစဉ်တကျဖြစ်အောင် လုပ်ဆောင်ကြမှာ ဖြစ်တယ်။


အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now