(၈) ဖန်လုံအိမ် || ဖန္လုံအိမ္

29.7K 4.5K 377
                                    

{Unicode}

ဖန်လုံအိမ်
*****


သူ ပြောလိုက်တာက လီရှောင်းရဲ့ ရယ်ကြောကို သွားတို့မိပုံရသည်၊ အဘယ့်ကြောင့်ဆိုသော် သူ့ကို ဖက်ထားတဲ့ ထိုအမျိုးသားက ရုတ်တရက် သူ့နားနားကပ်ကာ စတင် ရယ်မောလာခြင်းကြောင့်ပင်။

သူရယ်တာက စုန့်စုန့်ရဲ့ လည်ပင်းကို ယားယံလာစေသည်။ လီရှောင်းရဲ့ နှုတ်ခမ်းတွေက သူ့နားသီးလေးကိုတောင် ထိမိနေပြီး သူ မသိမသာ အနောက်ကို တိမ်းလိုက်မိသည်။ သူ ကြည့်ဖို့ မော့လိုက်ပေမဲ့ ထိုလူက ဘေးကို ခွါသွားပြီ ဖြစ်ကာ မေးလာသည်။
"မင်းကို ဘယ်သူက ဒီကို လာခိုင်းလိုက်တာလဲ။"

တံခါးကို လာဖွင့်တဲ့ အစေခံအိုရဲ့ မလိုမုန်းထားတဲ့ အငြိုးကြီးကြီး ရည်ရွယ်ချက်ကို စုန့်စုန့် ရုတ်ခြည်း နားလည်လိုက်သည်။ ဒါပေမဲ့ သူလည်း ဘယ်လိုပဲဖြစ်ဖြစ် လာဖို့ စဉ်းစားထားတာ ဖြစ်တာကြောင့် သူတို့က သူ့ကို ကူညီပေးလိုက်တယ်လို့တောင် ပြောလို့ရသည်။ ဒါကြောင့် သူ ပြောလိုက်သည်။
"ကျွန်တော့်ဘာသာကျွန်တော် လာချင်လို့လာတာ။"

ဘာကြောင့်မှန်းမသိပေမဲ့ လီရှောင်းရဲ့ မျက်လုံးတွေ မှေးမှိတ်သွားသည်အထိ မျက်ဝန်းတွေထဲက အပြုံးဟာ ပိုပြီးကြီးထွားသလို သူ ခံစားလိုက်ရသည်။
"ဘယ်လိုကြောင့် တစ်ယောက်တည်းတောင် လာရဲတာလဲ။"

"ကျွန်တော်..."
စုန့်စုန့် တန့်သွားသည်၊ လီရှောင်းရဲ့ အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော်က အထူးတလည်များ ဖြစ်နေမလား သိချင်လို့။"

သူ လီရှောင်းကို ကြည့်လိုက်ပြီး လီရှောင်းကလည်း သူ့ကို ပြန်ကြည့်သည်။ လေထုထဲ ရုတ်တရက် ပြောပြလို့မရနိုင်တဲ့ တင်းကျပ်မှုတွေ ဝင်ရောက်လာလေသည်။ သူ့(လီရှောင်း)မျက်လုံးတွေထဲ ပြင်းပြလေးလံတဲ့ အရာတစ်ခုခု ထပ်ပြီး ပြည့်လျှံလာတာကို စုန့်စုန့် မြင်လိုက်ရတဲ့အခါ မျက်နှာကို အလျင်အမြန် တစ်ဖက်လှည့်လိုက်သည်။
"အပြင်ထွက်ကြရအောင်။ အိမ်တော်ထိန်းချီက အရှင့်ကို အရမ်း စိုးရိမ်နေတာ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now