(၆၈) နာခံလိုက်နာခြင်း || နာခံလိုက္နာျခင္း

16.9K 3K 244
                                    

{Unicode}

နာခံလိုက်နာခြင်း
*****


နောက်ရက်များတွင် လီရှောင်းသည် နေ့စဉ်နေ့တိုင်း နန်းတော်သို့ သွားနေရတော့သည်။ ဧကရာဇ်ဟုန့်ရန်၏ကျန်းမာရေးက ညီလာခံတက်ရောက်နိုင်ခြင်းမရှိတော့သည်အထိ ယိုယွင်းလာခဲ့၏။ လီရှောင်းက ဧကရာဇ်အစား ညီလာခံတက်ရောက်ပြီး တိုင်းရေးပြည်ရေးများကို စီမံရလေသည်။ ထုတ်မပြောသော်လည်း နောက်တက်မည့် ဧကရာဇ်က လီရှောင်းဆိုသည်ကို လူတိုင်း သိကြပေ၏။

ညီလာခံပြီးလျှင် လီရှောင်းက ရန်ရှင်းနန်းဆောင်သို့ သွားသည်။ သူသာမက သူ၏အခြားညီအစ်ကို မောင်နှမများအပြင် စုန့်စုန့်ပါ မကြာမကြာ လာကြည့်တတ်သည်။ သူတို့ စကားစမြည်ပြောရင်း ရယ်မောနေကြစဉ် ဧကရာဇ်ဟုန့်ရန်သည်တော့ ရံဖန်ရံခါ တိတ်ဆိတ်သွားတတ်၏။

ဤသို့ဖြစ်လေတိုင်း အခန်းက ချက်ချင်း ငြိမ်ကျသွားတတ်သည်မှာ တိုးကုန်းကုန်းက သူတို့ကို အသိပေးလာသည့်အချိန်အထိပင်။
"အရှင်က အိပ်ပျော်သွားရုံပါ။"

....................

ယနေ့ စုန့်စုန့်လည်း ပုံမှန်အတိုင်း နန်းတော်သို့ သွားလေသည်။ သူ ကလေးအင်္ကျီအချို့ကိုပင် ယူလာသေး၏။ သူသာ ဧကရာဇ်ကြီးကို မျှော်လင့်ချက်အနည်းငယ် ပေးနိုင်လျှင် ဧကရာဇ်က အနည်းငယ်ပိုကြာကြာ တောင့်ခံနိုင်လိမ့်ဦးမည်ဟု အင်ပါယာသမားတော်က ပြောထားသည်။

သူ နန်းဆောင်ထဲဝင်သွားပြီး ဂါရဝပြုကာ ဧကရာဇ်ဟုန့်ရန်နှင့် အပြန်အလှန် နှုတ်ဆက်လိုက်သည်။ ဧကရာဇ်ဟုန့်ရန်က မေးလာ၏။
"ရှောင်းအာရော?"

စုန့်စုန့် ပြန်ဖြေပေးလိုက်သည်။
"ဒီရက်ပိုင်း အရှင်က ဝမ်ရယ့်ကို ညီလာခံတက်ခိုင်းထားတာကြောင့် ဝမ်ရယ်က အခုထိ အဲဒီမှာပဲ ရှိပါသေးတယ်။"

လီရန်းက မေး၏။
"ကျွန်တော် ပြန်ခေါ်ပေးရမလား။"

"တိုင်းပြည်ရေးရာကိစ္စတွေက ပိုပြီး အရေးကြီးတယ်။"
သူ့အသံက ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းလွန်းနေပြီး အနီးနားတွင် ထိုင်နေသူများသာ ပြတ်ပြတ်သားသား ကြားရသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now