(၆၅) စစ်နတ်ဘုရား || စစ္နတ္ဘုရား

16.8K 2.9K 318
                                    

{Unicode}

စစ်နတ်ဘုရား
*****


စုန့်သခင်မ၏ လက်ရှိစိတ်ကျန်းမာရေးအခြေအနေက သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိသည်မျိုး မဟုတ်သည်မှာ ထင်ရှားလှသည်။ စုန့်စုန့်သည် ၎င်းက ထိုနေ့ လောကနိဗ္ဗာန်မျှော်စင်တွင် လီရှောင်း ဖြစ်ခဲ့ပုံနှင့် တူညီကြောင်း နားလည်သည်။ စုန့်သခင်မက တမင်ဒေါသဆွပေးနေသည်ကို သိနေခဲ့သည့်တိုင် လီရှောင်းဟာ ပေါက်ကွဲသွားရသေး၏။

သို့ဖြစ်ရာ သူသာ စုန့်သခင်မကို ဧကရီက သူ့(မ)ခင်ပွန်းကို ခိုးထုတ်သွားကြောင်း ပြောပြလိုက်ပါလျှင် စုန့်သခင်မသည် သူ့ကို ဧကရီက အဆိပ်ခတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေစဉ် မည်သို့သော တုံ့ပြန်မှုမျိုး ရှိလာမည်လဲ...။

သူ့လက်ရှိ စိတ်အခြေအနေအရ ဤသည်က ထောင်ချောက်တစ်ခုဆိုသည်ကို သူ ခွဲခြားသိမြင်နိုင်မည်တဲ့လား...။

သူ သိလျှင်တောင် နောက်ကွယ်တွင် မည်သူရှိနေသည်ကို တွက်ဆနိုင်မည်လား...။ သူ ရူးမသွားအောင်ရော သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည်လား...။

ရလဒ်ကတော့ ပြောစရာပင်မလို။

....................

စုန့်သခင်မသည် ရထားလုံးပေါ်တက်ကာ နန်းတော်သို့ တန်းတန်းမတ်မတ် အပြေးဦးတည်သွား၏။ ဧကရီက သူ့ယောက်ျားကို တကယ် ခေါ်ဆောင်သွားခြင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိစ္စမရှိပေ။ သူ ဖြေရှင်းချက်တစ်ခု တောင်းဆိုရန်သာ လိုအပ်သည်။ ရထားလုံးထဲတွင် သူ့ကိုယ်သူ ထိန်းချုပ်ရန် ထပ်ခါထပ်ခါ ကြိုးစားနေသော်လည်း နန်းတော်အဝင်ဝသို့ရောက်သည့်အခါ နောက်ဆုံးတော့ အသိစိတ်လွတ်သွားလေသည်။

သူက စတင်ပြီး ဆဲရေးတိုင်းထွာကာ သံကုန်အော်ဟစ်နေတော့သည်။

....................

စုန့်စုန့်တစ်ယောက် အစေခံတို့နှင့်အတူ နန်းတော်အဝင်ဝသို့ ရောက်လာသော် စုန့်သခင်မ၏ ရူးနှမ်းနှမ်းအသံကို အချိန်ကိုက်ကြားလိုက်ရလေ၏။
"အရင်ဧကရီကို ဘယ်သူ သတ်ခဲ့တာလဲဆိုတာ နင်တို့ သိကြလား။ ငါ ပြောပြမယ်၊ အဲဒါ ချင်ချင်းဟော့ပဲ... သူက လီရှောင်းကိုလည်း နှစ်နှစ်လောက် အဆိပ်ခိုးကျွေးခဲ့သေးတယ်လေ ဟားဟားဟား... ပြီးတော့ လီရှောင်း ရူးသွားတာပဲ!! သူ့သားကို မြှင့်တင်ဖို့အတွက်နဲ့ သူက လူလွှတ်ပြီး အရင်ဧကရီဟောင်းကို သတ်ခိုင်းခဲ့တာ၊ ပြီးတော့ လီရှောင်းအပေါ် အပြစ်ပုံချလိုက်ရော။ သူက သူ့သား အိမ်ရှေ့စံဖြစ်လာဖို့အတွက် လီရှောင်းကို ကိုယ့်အမေကိုယ်ပြန်သတ်မိလေခြင်းဆိုတဲ့ ဝန်ထုပ်ကြီးကို သယ်ခိုင်းခဲ့တာပဲ။ အဲဒါက နင်တို့ရဲ့ ဧကရီချင်ပဲလေ၊ ဟားဟားဟားဟား... ဒါက တိုင်းပြည်ကြီးရဲ့ ဧကရီချင်ပါတဲ့!!"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now