(၂၉) လက်တုံ့ပြန်ခြင်း || လက်တုံ့ပြန်ခြင်း

23.4K 3.5K 125
                                    

{Unicode}

လက်တုံ့ပြန်ခြင်း
*****


စင်စစ် စုန့်စုန့်သည် လီရှောင်းက သူ့အား ဇီဇာကြောင်သည်ဟု ဆိုခြင်းကို သိပ်မသဘောမတွေ့လှပေ။ သို့သော်ငြား လီရှောင်းက ထိုကဲ့သို့ နွေးထွေး၊ နက်နဲကာ တုန်နေအောင် ချစ်သည့်လေသံဖြင့် ထိုစကားလုံးတို့ကို ပြောလာသည့်အခါ ရုတ်တရက် သူ၏ နှလုံးသား အရည်ပျော်ကျတော့မယောင် ခံစားလာရလေသည်။

သူ လီရှောင်းအား ထပ်၍ အပူမကပ်ရဲတော့ပေ။ စင်စစ် ပင်ပန်းလှသောကြောင့် သူ၏ မျက်နှာအား တစ်ဖက်လူ၏ ရင်ခွင်ထဲ ဝှက်ကာ အလွန်လျင်မြန်စွာ အိပ်မောကျသွားလေတော့သည်။

နောက်တစ်နေ့မနက်၌ သူ နိုးထလာသည့်အခါ ပြီးခဲ့သည့်ညကို ပြန်စဉ်းစားမိပြီး အိပ်မက်တစ်ခုလိုသာ ထင်နေရသေးသည်။

သူ့နံဘေး၌ လဲလျောင်းနေသည့် အမျိုးသားက ရုတ်တရက် သူ့ကို သာ၍တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ
"စုန့်အာ ပင်ပန်းနေရင် အိမ်မှာနေပြီး အနားယူလေ။ ဒီနေ့ ဘယ်ကိုမှ လျှောက်သွားမနေနဲ့တော့။"

"ဒါပေမဲ့ ကျွန်တော်..."

"စကားနားထောင်။"
စုန့်စုန့်က သူ၏ နီမြန်းနေသည့် မျက်နှာကို မော့လာကာ လီရှောင်းကို ကြည့်လာသည်။ ထို့နောက် အကြည့်ပြန်ရုတ်လိုက်ပြီး ညင်ညင်သာသာ ပြောလေ၏။
"အင်"

သူ အနားယူနိုင်သော်ငြား လီရှောင်းသည်တော့ အနားယူရန် မတတ်နိုင်ပါချေ။

သို့ဖြစ်ရာ သူလည်း လီရှောင်းကို အဖော်လုပ်ကာ မနက်စာ အတူတူ စားသည်။ ထို့နောက် ဖန်လုံအိမ်သို့သွားကာ ပွင့်လန်းနေသည့် ပန်းတို့ကို ကြည့်ရှုသည်။ အပင်များကို အနည်းငယ်မျှ ရေလောင်းပြီးနောက် အခန်းသို့ ပြန်လာကာ အိပ်လေ၏။

သူ နေ့လယ်ခင်းတိုင်အောင် အိပ်ပြီးနောက် ရုတ်တရက် သူ့ကို တစ်ယောက်ယောက်က ခေါ်နေသည်ကို ကြားလိုက်ရလေသည်။
"ဝမ်ဖေး... ဝမ်ဖေး... နိုးပါပြီလား။"

စုန့်စုန့် လန့်နိုးကာ မျက်လုံးတို့ကို ဖွင့်လိုက်သည်။ အိပ်ရာခန်းဆီးကို မ,ကာ သူ မေးလိုက်မိသည်။
"ဘာကိစ္စလဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now