26K 4K 269
{Unicode}
စွပ်ပြုတ် ပြုလုပ်ခြင်း
*****
အိမ်တော်ထိန်းက လီရှောင်းရဲ့ စကားလုံးတွေကို စုန့်ကွော်ကုန်းရဲ့ နားထဲ အရောက်ပို့ပေးလိုက်တဲ့အခါမှာတော့ အိမ်တော်တံခါးတွေက ချက်ချင်းကို ပွင့်သွားတော့သည်။ စုန့်ကွော်ကုန်းဟာ အိမ်ဝင်းထဲမှာ ခြေထောက်နှစ်ဖက်စလုံး တုန်ယင်စွာ စောင့်ဆိုင်းနေပြီး နီးကပ်လာတဲ့ အနက်ရောင်လည်ရှည်ဖိနပ်တစ်စုံကို မြင်တဲ့အခါမှာတော့ မသိလိုက်ဘာသာနဲ့ အနောက်ကို ဆုတ်မိလေသည်။ သူ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
"အစတုန်းကတော့ ဒီနိမ့်ကျတဲ့အမတ်က စုန့်အာရဲ့ ဂုဏ်သတင်းအတွက်ပဲ စဉ်းစားမိခဲ့တာပါ။ ဒါပေမဲ့ ဝမ်ရယ်ပြောတာကလည်း ကျိုးကြောင်းဆီလျော်လှပါတယ်။ မင်္ဂလာပွဲနေ့လည်း သတ်မှတ်ပြီးသွားပြီဆိုမှတော့... ဓလေ့ထုံးတမ်းတွေကိုလည်း ဘေးဖယ်ထားလို့ ရတာပေါ့။"
လီရှောင်းက ပြောသည်။
"ခင်ဗျားတို့နှစ်ယောက်က တကယ်ပဲ စုန့်အာကို နီးနီးကပ်ကပ် ဂရုစိုက်ပေးကြတာပဲ။"
ဒီစကားလုံးတွေမှာ အခြားအဓိပ္ပာယ် ရှိနေသလိုပင်။ တစ်ခဏတော့ စုန့်ကွော်ကုန်း ချွေးစေးတွေ ထွက်လာမိပေမဲ့ အဆုံးမှာတော့ သူ ရဲတင်းတဲ့ မျက်နှာထားနဲ့သာ ပြောလိုက်နိုင်သည်။
"မှန်ပါတယ်။ စုန့်အာရဲ့ မိခင်က အစောကြီး ကွယ်လွန်သွားခဲ့တာ။ သခင်မနဲ့ ကျွန်တော်မျိုးကပဲ သူ့ကို ပိုပြီး ဂရုစိုက်ပေးရမှာပေါ့။ အခုလေးတင်ပဲ သခင်မက ပြောနေသေးတာ၊ တချို့ပစ္စည်းကောင်းလေးတွေ ဝယ်လို့ရအောင် သူ စုန့်စုန့်ကို မင်ရွှမ်းဆိုင်ကို ခေါ်သွားဖို့ စီစဉ်နေတယ်ဆိုပြီး။"
မင်ရွှမ်းဆိုင်က မြို့တော်မှာ အတော်လေး နာမည်ကြီးသည်။ ဆိုင်တွင်းက ပစ္စည်းတွေ အားလုံးဟာ အနိမ့်ဆုံးစျေးအနေနဲ့ ငွေတုံး(၅၀၀) ကနေ စရှိသည်။ ကြံကြံဖန်ဖန် ပုံဖော်ထားတဲ့ ကျောက်စိမ်းအဆင်တန်ဆာတွေ၊ တန်ဖိုးကြီးတဲ့ တရုတ်ကြွေထည်ပစ္စည်းတွေ၊ အဖိုးထိုက်တန်တဲ့ အနုပညာလက်ရာပေါင်းများစွာ ရှိသည်။ အကုန်လုံးကတော့ သာမန်လူတွေအဖို့ အိပ်မက်ထဲမှာသာ ပိုင်ဆိုင်နိုင်တဲ့ ပစ္စည်းတွေသာ ဖြစ်လေသည်။ လီရှောင်းက စိတ်ကျေနပ်စွာ ပြောလာသည်။
"ခင်ဗျားတို့ တော်တော်လေး သုံးဖြုန်းမဲ့ပုံပဲ။"
အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now