(၇၉) အဆုံးသတ် || အဆုံးသတ္

25.7K 3K 421
                                    

{Unicode}

အဆုံးသတ်
*****


စုန့်ကောက အသိစိတ်မကပ်စွာ သူ့ခေါင်းကို ဆွဲဆုပ်ကိုင်လိုက်သော်ငြား တဖြည်းဖြည်း စိတ်တည်ငြိမ်လာ၏။
"ဒီတော့ ဆိုလိုတာက၊ တခြားနေရာမှာ ငါ့ခြေထောက်တွေက ဘာမှမဖြစ်ဘူးပေါ့။"

စုန့်စုန့်က သူ့ကို မဖြေ။
"ဘာကများ မင်းကို ငါ့မျက်နှာအသွင်ပြောင်းပြီး နေစေခဲ့တာလဲ။"

စုန့်ကောက စုန့်စုန့်၏ အပြစ်အနာအဆာကင်းနူးညံ့လှသည့် မျက်နှာကို သတိလက်လွတ် ကြည့်လာသည်။ ဤမျက်နှာသည် ယခင်က အလွန်သိမ်ငယ်သည့်အသွင် ရှိခဲ့သော်ငြား ယခုတော့ ခမ်းနားထည်ဝါဟန်အပြည့်။

နေ့တိုင်းနေ့တိုင်း သူ မပိုင်သည့် ဤမျက်နှာကို ကြည့်ခဲ့ရသည်။ ယခင်က ချန်းယွဲ့ပြောဖူးသည်၊ နောက်ဆုံးတွင်တော့ အနာဂတ်တစ်နေ့၌ သူ ဤမျက်နှာဖုံးကို ဆွဲချွတ်ကာ ကမ္ဘာကြီးကို သူ့ရှေ့မှောက် ချထားနိုင်မည်ဟူ၍။ ချန်းယွဲ့က လီရှောင်းထံတွင် နဂါးရောင်ဝါလက္ခဏာကို မြင်ကြောင်း၊ စုန့်စုန့်ပတ်လည်တွင် ခရမ်းရောင်ကြမ္မာတိမ်လွှာတို့ကို မြင်ရကြောင်း  ပြောခဲ့သည်။ လီရှောင်းနှင့် စုန့်စုန့်တို့ဟာ တွေ့ဆုံရန် ရေစက်ပါလာပြီး လီရှောင်းက စုန့်စုန့်ကို ချစ်ကျွမ်းဝင်သွားကာ ရူးရူးမူးမူး ချစ်မိသွားလိမ့်မည်ဟု ခန့်မှန်းချက်ထုတ်ခဲ့၏။ သို့ဖြစ်ရာ ချန်းယွဲ့သည် မွန်မြတ်ဆေးကို စတင်ဖန်တီးခဲ့စဉ်ကတည်းကပင် စုန့်စုန့်ကို အစားထိုးရန် ကြံစည်ထားခဲ့ပြီးလေပြီ။

အစ၌ စုန့်ကောက ချန်းယွဲ့၏စကားတို့ကို မယုံကြည်ခဲ့သော်လည်း ထီးနန်းကို ရယူရန်အတွက် ဤအစီအစဉ်ကို စမ်းကြည့်ချင်လေသည်။ ထို့ကြောင့် အမှန်ပင်ဖြစ်စေ၊ အတုအယောင်ပင်ဖြစ်စေ သူက စုန့်စုန့်ကို ရေအောက်ထဲထိ ဆွဲချခဲ့၏။ နောက်တော့ အရာအားလုံးက ချန်းယွဲ့၏ခန့်မှန်းချက်တို့ မှန်ကန်ကြောင်း သက်သေပြခဲ့လေသည်။

သို့သော် ချန်းယွဲ့က စုန့်ကော ဤမျှ တွေ့ကြုံခံစားရလိမ့်မည်ဟုတော့ မပြောခဲ့။

စုန့်ကောက ထိုအတွေးတို့ကို ထုတ်မပြောဘဲ ပြုံးကာ ပြောလေသည်။
"ဒီလောကကြီးထဲမှာ ထူးခြားတဲ့အရာတွေ အများကြီး ရှိတာပါလား။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now