30.6K 3.7K 494
{Unicode}
လွှဲပြောင်းပေးအပ်ခြင်း
*****
စုန့်စုန့် မတုံ့ပြန်နိုင်ချေ။
လီရှောင်း၏ မျက်လုံးများအား ထပ်ကြည့်ရန် ရှက်ရွံ့နေမိပြီး ပေါင်ပေါ်မှ ဆင်းကာ ပြောလိုက်သည်။
"ကျွန်တော် မီးဖိုကို သွားကြည့်ဦးမယ်။ ပြီးမှ ကျွန်တော် တစ်ယောက်ယောက်ကို အရှင့်ဆီ လာခေါ်ခိုင်းလိုက်မယ်။"
လီရှောင်းက စုန့်စုန့်၏ပခုံးတို့ကို လွှတ်ပေးလိုက်ပြီး အကြည့်တို့သည်တော့ သူ ထွက်ခွါသွားရာနောက် လိုက်ပါလာကာ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေသည်။ သူ စားပွဲပေါ်ရှိ မှတ်တမ်းအမှုတွဲတို့ကို ဖယ်ထုတ်လိုက်သည်။ ထိုအောက်တွင်တော့ အဖြူရောင်ဝတ် လူတစ်ယောက်၏ ပန်းချီပုံ ပေါ်လာပေ၏။ မျက်နှာအား မရေးခြယ်ရသေးသော်ငြား ကိုယ်လုံးကိုယ်ပေါက်က အလွန်ကို သေးသွယ်နေကာ ထင်ရှားပေါ်လွင်နေသည်။ ပန်းချီရေးဆွဲပုံမှာ ထိုလူဟာ အချိန်မရွေး စာရွက်ထဲမှ ခုန်ထွက်လာတော့မည့်သယောင် မျောလွင့်နေသည့် ဝိညာဉ်သဖွယ် ဖြစ်နေစေလေသည်။
လီရှောင်းသည် စုတ်တံကို ယူလိုက်ပြီး ဗလာရှင်းနေသော မျက်နှာနေရာ၌ စုတ်ချက်အချို့ကို ရေးဆွဲလိုက်၏။ သူ၏လက်ကို ဖယ်ထုတ်လိုက်ချိန်တွင်မူ ထိုလူ၏ မျက်နှာဟာ မျက်စိပသာဒဖြစ်စေပြီး အသာအယာ ပြုံးနေသည့်ပုံ ဖြစ်ကာ စံချိန်မချိုးနိုင်သည့် လှပမှုအရိပ်အယောင်တို့လည်း တင်ရှိနေလေသည်။
ရေးဆွဲသူအမျိုးသား၏ လက်ချောင်းရှည်တို့သည် ထိုမျက်နှာပုံအား ပွတ်သပ်နေကာ အသံညင်းညင်းဟာလည်း အခန်းအတွင်း၌ပင် ကွယ်ပျောက်သွားလေတော့သည်။
"မင်းလည်း ပြန်ရောက်လာပြီပဲ..."
ရေကန်အလယ်ရှိ နားနေဆောင်ကို လေဒဏ်မှ ကာကွယ်ရန် ထူထဲသော ခန်းဆီးများဖြင့် ဝိုင်းပတ်ကာရံထားသည်။ စုန့်စုန့်သည်လည်း လေငြိမ်ရာကို ရှာကာ ခန်းဆီးအနားထောင့်ကို ပင့်မထားလိုက်သည်။ ထို့နောက် မီးဖိုအောက်၌ ထင်းအချို့ကို နေရာချကာ တောက်လောင်နေသည့် ထင်းစတို့ကို ကြည့်ရင်း အတွေးယာဉ်ကြော၌ လမ်းပျောက်လာခဲ့၏။ သူ ထိုကလေးကို အလွန်တရာ လွမ်းဆွတ်မိသည်။ ထိုစဉ်က မီးတောထဲ၌ ထိုကလေး လောင်ကျွမ်းပြာကျသွားခဲ့သည်ကို သူ ကြည့်နေခဲ့ရပြီး သူ၏စိတ်သည်လည်း ချက်ချင်း ယိုယွင်းပျက်စီးသွားခဲ့ရပေသည်။
အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now