(၄၉) စကားစမြည် || စကားစျမည္

19.6K 3K 120
                                    

{Unicode}

စကားစမြည်
*****


စုန့်စုန့်သည် အမြဲပင် လီရှောင်းအား အလွယ်လေးလွှမ်းမိုးနိုင်၏။ သူ့အပြုံးများက အလင်းတန်းများနှင့် တောက်ပလုနီးနီးဖြစ်နေသော်ငြား တစ်ချိန်တည်းမှာပင် ၎င်းက အားကြီးလွန်းသည်လည်း မဟုတ်လှပေ။ မြင်လိုက်ရသည့်အခါ လူအများအား အလွန်ပင် သက်တောင့်သက်သာ ခံစားရစေလေသည်။

လီရှောင်းသည် ရုတ်တရက် စုန့်စုန့်ကို ကောက်ချီကာ နှလုံးသားအောက်ခြေအထိ ချိုမြနေမည်လား သိလိုစွာ တစ်ချက်မျှလျက်ကြည့်လိုက်ချင်သည်။ ဤသို့တွေးသည့်အတိုင်း သူ အကောင်အထည်လည်း ဖော်တော့၏။ စုန့်စုန့်ကို လှမ်းဖက်လိုက်သည့်အခါ တစ်ဖက်လူက အနည်းငယ်ချီတုံချတုံဖြစ်သွားသော်လည်း ဇာမချဲ့ဘဲ အဖက်ခံထားဆဲဖြစ်သည်။

လီရှောင်း၏နဖူးပြင်က သူ့နဖူးနှင့် ဖိကပ်ထားပြီး သူ့မျက်နှာကို မော့လာစေသည်။ စုန့်စုန့်လည်း အနည်းငယ် စိတ်မသက်သာစွာ လီရှောင်းကို တွန်းလိုက်မိသည်။
"ကျွန်တော်တို့ အပြင်မှာပဲ ရှိနေသေးတယ်လေ..."

"ဒီတော့?"
လီရှောင်းက သူ့နှုတ်ခမ်းကို တို့ကနန်းဆိတ်ကနန်း ဖွဖွနမ်းလာသည်။
"ပိုင်ရန်က တစ်ဖက်တောင်လှည့်ပြီးနေပြီ။"

သူက စုန့်စုန့်ကို ပွေ့ဖက်ထားလျက် ဂရုတစိုက်နမ်းရှိုက်လေသည်၊ အနည်းငယ် ကြမ်းတမ်းသော်လည်း အလွန်တရာ ကြင်နာယုယလှ၏။ စုန့်စုန့် အနည်းငယ် ရှောင်တိမ်းကြည့်သည်၊ သို့သော် တစ်ဖက်လူက မလုံလောက်နိုင်သည့်အလား သူသာ ထပ်ခါထပ်ခါ အနမ်းခံနေရလေသည်။

"အရှင်!"
စုန့်စုန့် လီရှောင်းကို အားနှင့်တွန်းထုတ်လိုက်သည်။
"ကျွန်တော် ဗိုက်ဆာနေပြီ။"

"ဗိုက်ဆာတာ မြန်လှချည်လား။"

"အင်း။"
စုန့်စုန့် လုံးဝလေးလေးနက်နက်ပြောလိုက်သည်။
"ဝမ်ရယ်လေးက စားချင်နေပြီ။"

လီရှောင်းက သူ့ကို ရယ်ရွှင်စွာ ကြည့်လာသည်။ စုန့်စုန့်ကလည်း တပ်ခေါက်မသွားပေ။ နောက်ဆုံးတွင် လီရှောင်းက ပြုံးပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း နမ်းလာပြန်၏။ ထို့နောက်တွင်မှ သူ့ကို ပင်မအိမ်တော်သို့ ဦးဆောင်ခေါ်သွားတော့သည်။
"ကောင်းပြီ။ စုန့်အာ ဘာစားချင်သလဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now