(၄၄) ပြာဋိဟာ || ျပာဋိဟာ

20.7K 2.9K 189
                                    

{Unicode}

ပြာဋိဟာ
*****


သူ ကလေးရှိနေသည်ကို အတည်ပြုပြီးနောက် စုန့်စုန့်၏ စိတ်အခြေအနေမှာ သိသိသာသာပင် သာလွန်ကောင်းမွန်လာတော့သည်။ ကနဦးစိတ်အခြေအနေကပင် ကောင်းနေခဲ့သော်ငြား ယခုဆိုလျှင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်ခြင်းအချို့ပါ ရောနှောလာ၏။

လောကနိဗ္ဗာန်မျှော်စင်၌ ဖြစ်ပျက်သွားခဲ့သည့် အချိန်ကတည်းမှစ၍ အိမ်တော်ရှိလူများက စုန့်စုန့်ကို သာ၍ပင် လေးစားသဘောကျလာကြတော့သည်။ အိမ်တော်ပြင်ပတွင်လည်း လူအများက စုန့်စုန့်ကို ထိုနေ့က လောကနိဗ္ဗာန်မျှော်စင်၌ လူအားလုံးကို ကယ်တင်ပေးခဲ့ခြင်းကြောင့် ချီးကျူးအမွှမ်းတင်နေကြသည်။ 

....................

"အဲနေ့ကဆိုရင် အရူးဘုရင်က 'မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်!' လို့ အကျယ်ကြီး ဟစ်ကြွေးပြီး အဲဒီအရူးမကြီးကို ဖမ်းဖို့ တစ်ဟုန်ထိုး ပြေးသွားခဲ့တာပေါ့။ အရူးမကြီးက လူအုပ်ထဲကို ကသုတ်ကရက် ပြေးဝင်လာခဲ့တယ်။ ဒါပေမဲ့ သွေးဆာနေတဲ့ အရူးဘုရင်က ဘယ်လိုလုပ် သူ့ကို အလွတ်ပေးမှာတဲ့လဲ! ချက်ချင်းပဲ အော်ပြီး လေထဲ ဝဲပျံလာတာ၊ သူ့နောက်ကို လက်မလျှော့စတမ်း လိုက်တော့တာပဲဟေ့။ သို့ပေသိ လောကနိဗ္ဗာန်မျှော်စင်မှာ လူတွေက တောင်တန်းတွေနဲ့ သမုဒ္ဒရာတွေလို ကျယ်ပြောလှပါရောလား။ အရူးမကြီးက ရေထဲမှာ ကူးခတ်နေတဲ့ ငါးကလေးတစ်ကောင်လိုပဲ၊ အရမ်းကို ဖမ်းရခက်မှာလေ။ အရူးဘုရင်ရဲ့ သတ်ဖြတ်လိုစိတ်တွေက ပွင့်ထွက်လာတော့တာပေါ့။ သူက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကိုတောင် စတင်တော့မလို့---"

စာဟောဆရာက စားပွဲထိပ်ကို ဒုန်းခနဲမြည်အောင် ထုရိုက်လေသည်။ လူတိုင်းလူတိုင်း ရင်ဖိုစွာ အသက်အောင့်ထားမိကြ၏။
"အဲဒီအခိုက်မှာပဲ ဖင်းဝမ်ဖေးက ရုတ်တရက် ပေါ်လာပြီး၊ သူ့အသွင်အပြင်ဆိုတာများ သန့်စင်မြင့်မြတ်တဲ့ ရောင်စဉ်တွေ ဖြာထွက်နေတော့တာ။ သူက လူတိုင်းနဲ့ ဆန့်ကျင်ဘက်ကို ပြေးသွားပြီး အရူးဘုရင်ဆီ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့တာပေါ့... ပြီးတော့ အဲလိုနဲ့ပဲ သူက နူးနူးညံ့ညံ့စကားလုံးလေးနည်းနည်းလောက် ပြောပြီးတော့ အခြေအနေတစ်ရပ်လုံးကို လုံးဝပြောင်းပြန်လှန်လိုက်နိုင်တော့တာပဲဟေ့!"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now