(၁၀) တောင်းဆိုချက် || တောင်းဆိုချက်

28.2K 4.4K 326
                                    

{Unicode}

တောင်းဆိုချက်
*****


လီရှောင်းက သူ့လက်ကို ဆွဲကိုင်လိုက်တဲ့အချိန်မှာ စုန့်စုန့် မရေမရာ ရှုပ်ထွေးမှုတွေနဲ့အတူ အေးခဲသွားသည်။ လီရှောင်း ဘာတွေပြောနေတယ်ဆိုတာ သူ မစဉ်းစားနိုင်တော့ချေ။ ထို့နောက်တော့ မြေပြင်ပေါ်မှာ ကြောက်ဒူးတုန်နေတဲ့ မိန်းမစိုးကို တွေ့လိုက်ရလေသည်။

သူ ချက်ချင်း ရှင်းပြလိုက်သည်။
"အရှင်က ကျွန်တော့်ကို အရမ်း အထင်ကြီးလွန်းနေပါပြီ။ ဒီကုန်းကုန်းက အရမ်းကို အင်အားကြီးလွန်းတာ... ခုနကဆို အိမ်တော်ထဲမှာ အကြမ်းဖက်မိတော့မလို့လေ။ ကျွန်တော့်မှာ သူ့ကို ပြေရာပြေကြောင်း ပြောဆိုဖို့ကိုတောင် အများကြီး အားစိုက်ထုတ်ထားရတာ... ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ကို ရိုက်ရဲပါ့မလဲ။"

သူက သာမန်အရပ်သားတစ်ယောက်သာ ဖြစ်သည်။ ဘုရင့်အိမ်တော်ကို ရောက်လာပြီး လီရှောင်းရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိထားတယ်ဆိုသော်ငြား သူက အရပ်သားတစ်ယောက်သာ ဖြစ်နေသေးသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ လီရှောင်းကို လေးစားသမှုနဲ့ သူ့ကိုပါ လောကဝတ်ပြုလာမယ်ဆိုရင်တော့ အဲ့ဒီ့လူက ကျင့်ဝတ်ထုံးတမ်းတွေကို နားလည်ပေလိမ့်မည်။ သူတို့ကသာ သူ့ကို လောကဝတ်မပြုတဲ့အပြင် ထိခိုက်စေဖို့ပါ ကြံရွယ်လာရင်တော့ ဒါက သူမတတ်နိုင်တဲ့အပိုင်း ဖြစ်သွားပေပြီ။

ဆိုရိုးတစ်ခုရှိသည်။ ရာထူးမြင့်အရာရှိများသည် လက်အောက်ငယ်သားများကို စွမ်းဆောင်ထိန်းချုပ်နိုင်သည်။ ဒါကလည်း စုန့်စုန့် ကုန်းကုန်းနဲ့အတူ ဧကရီဆီ အလျင်စလို မသွားရတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်သည်။

လီရှောင်းက ပြောလာသည်။
"ဒါဆို အခု ထူးဆန်းသွားပြီ။ လျန်ကုန်းကုန်း... ဘယ်လိုကြောင့် မင်းရဲ့ မျက်နှာက ဒီလိုဖြစ်သွားရတာလဲ။"

ခုနတုန်းကတော့ လျန်ကုန်းကုန်းကို တမင်တကာ ခြိမ်းခြောက်ဖို့အတွက် စုန့်စုန့်က လီရှောင်းရဲ့ နာမည်ကို အယောင်ဆောင်လှမ်းခေါ်ခဲ့ရုံသာဖြစ်သည်။ ဒါကပဲ သူ့ကို ချွေးစေးတွေ ထွက်လာအောင်ကို ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။ အခုတော့ အရူးဘုရင်ကိုယ်တိုင်က ဒီနေရာမှာ မတ်တပ်ရပ်နေတာကြောင့် မိန်းမစိုးလည်း ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာပြီး တုန်လှုပ်နေပြီးမှ မျက်နှာကို ရှုံ့မဲ့ကာ ပြောလေသည်။
"ဒါက... ဒါက ဘာကြောင့်လဲဆိုတော့... ဒီအစေခံက မတော်တဆ ချော်လဲသွားလို့ပါ။ စုန့်ကုန်းဇီနဲ့ မသက်ဆိုင်ပါဘူး!"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now