(၃၂) ဆောင်းရာသီ || ေဆာင္းရာသီ

22.9K 3.4K 549
                                    

{Unicode}

ဆောင်းရာသီ
*****


တွေဝေစွာပင်၊ စုန့်စုန့်တစ်ယောက် ငလက်မလေးဖြစ်သွားသယောင် အာရုံခံစားနေရသည်။ သူ အလွန်ကို ရေဆာနေပြီး အလွန့်အလွန် ပူလောင်နေသည်။ ထိုစဉ် အစိမ်းရောင်သစ်ရွက်တစ်ရွက်သည် သူ၏ ရှေ့မှောက်သို့ သက်ဆင်းလာသည်။ သစ်ရွက်သည် စိမ်းစိုနေကာ ပုံသဏ္ဌာန်အားဖြင့် လုံးဝိုင်းသည့်ပုံရှိပြီး ထိပ်ပိုင်းတွင် နှင်းပေါက်တစ်စက်က တောက်ပနေသည်။ သို့ဖြစ်ရာ စုန့်စုန့်လည်း အရှေ့သို့ ချီတက်ပြီး သူ၏ ခြေထောက်သေးသေးလေးဖြင့် သစ်ရွက်ကို တက်နင်းလိုက်တော့၏။

ထိုသစ်ရွက်သည် နူးညံ့ကာ နွေးနေသော်ငြား ၎င်းအပေါ် တက်နင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ မှောက်လျက်သား လဲကျသွားပြီး သူ၏ဦးခေါင်း အရွယ်အစားလောက်ရှိသည့် နှင်းစက်နှင်းပေါက်နှင့် ဖျတ်ခနဲ ဝင်တိုးမိလေတော့သည်။ သူ၏ ပါးပြင်တို့လည်း ထိုနှင်းစက်၏ ထုပ်သိမ်းခြင်းခံလိုက်ရကာ နေလောင်ဒဏ် ခံစားထားရသည့် မျက်နှာသည် အေးမြမှုကြောင့် အနည်းငယ် သက်သာသွားလေသည်။ သတိမထားမိစွာပင် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး နှင်းစက်အတွင်းရှိ အရည်ကို စုပ်ယူရန် ကြိုးပမ်းမိ၏။ ထိုနှင်းစက်ပေါက်ကို သောက်သုံးပြီးသည့်အခါ သစ်ရွက်ပေါ် ကျန်ရှိနေသည့် စိုစွတ်နေသော နေရာကိုလည်း လျှာနှင့်လျက်လိုက်သည်။ သူ၏ ခြောက်သွေ့နေသည့် လည်ချောင်းလည်း ရေဓာတ်ရရှိသွားရ၏။

ထိုသစ်ရွက်ကို လေတစ်ပွေ့က သယ်ဆောင်သွားသည့်အခါ စုန့်စုန့်လည်း သစ်ရွက်၏အရိုးတံကို ကြောက်လန့်တကြား ဆုပ်ကိုင်လိုက်မိသည်။ သစ်ရွက်နှင့်အတူ သူ၏ခန္ဓာကိုယ်သည်လည်း လေထဲ၌ ဝေ့ဝဲနေကာ အနည်းငယ် စိတ်လှုပ်ရှားဖွယ်ကောင်းနေသကဲ့သို့ အနည်းငယ်လည်း ကြောက်ရွံ့ဖွယ်ဖြစ်နေ၏။

အသံဖျော့ဖျော့နှင့်အတူ သစ်ရွက်သည် ရေပြင်ထက် သက်ဆင်းသွားကာ ရေစီးကြောင်းအတိုင်း ဖြည်းဖြည်းချင်း မျောပါနေတော့သည်။ စုန့်စုန့်လည်း ၎င်းအပေါ်တွင် ဆက်၍ လဲလျောင်းနေကာ ခေါင်းကို အသာပြူထုတ်ပြီး နံဘေးနှစ်ဖက်ရှိ မြင်ကွင်းတို့ကို လိုက်လံငေးမောနေမိသည်။ မမျှော်လင့်စွာပင်၊ လှိုင်းလုံးကြီးတစ်လုံး ပုတ်ခတ်လာပြီး သစ်ရွက်လည်း ရုတ်တရက် ပြောင်းပြန်လန်သွားတော့၏။ စုန့်စုန့်သည် သစ်ရွက်ကို အသက်ကယ်ကောက်ရိုးမျှင်တစ်မျှင်ကဲ့သို့ ဆုပ်ကိုင်ထားမိသည်။ သူ၏ခန္ဓာကိုယ်သည် ရေစီးကြောင်း၏ စေစားရာအတိုင်း ဘယ်ညာယိမ်းနေကာ ရေအောက်တွင် အသံပြုမရသောကြောင့် 'ကူညီကြပါဦး' ဟူသည့် စကားလုံးသည် သူ၏ လည်ချောင်းတွင်း၌ပင် ပိတ်မိနေတော့၏။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now