(၁၉) မင်္ဂလာလက်ဖွဲ့များ || မဂၤလာလက္ဖြဲ႕မ်ား

25.6K 3.9K 254
                                    

{Unicode}

မင်္ဂလာလက်ဖွဲ့များ
*****


စုန့်စုန့် ပြောတဲ့စကားတွေရဲ့ ပထမတစ်ဝက်မှာ စုန့်သခင်မက အနည်းငယ် ပြုံးနေသေးပြီး ဒီတရားမဝင်ကလေးက သူ့(မ)ရဲ့ အဆင့်အတန်းကို သတိရနေသေးတာ ကောင်းကြောင်း တွေးမိလေသည်။

စုန့်စုန့် နောက်ဆုံးစာကြောင်းကို ပြောလိုက်တဲ့အခါမှာတော့ တစ်ခုခုက မကောင်းတော့တာကို သူ(မ)နားလည်သဘောပေါက်သွားပြီး ချက်ချင်း ဟန့်လိုက်သည်။
"စုန့်... စုန့်အာ!"

စုန့်စုန့်က နားမလည်သလို လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ အမေ။ ကျွန်တော် တစ်ခုခုများ မှားပြောမိလို့လား။"

မင်ရွှမ်းဆိုင်က အလုပ်သမားတွေအားလုံး ဒီနေရာမှာ ရှိနေကြသည်။ သေချာပေါက်ကို သူတို့လည်း စုန့်သခင်မမှာ ဘယ်လို နေရာအဆင့်အတန်းရှိတယ်ဆိုတာကို သိကြသည်။ ဧကရီရဲ့ ညီမတော်၊ ဝန်ကြီးချုပ်ရဲ့ သမီး...၊ သူတို့ သေချာပေါက် သူ(မ)ကို မသိကျိုးကျွန် မပြုရဲပါပေ။ သူ(မ)စကားပြောလာတာကို မြင်လိုက်ရတဲ့အခါ သူတို့လည်း ချက်ချင်း ရိုရိုသေသေ မေးလေသည်။
"သခင်မ... ညွှန်ကြားစရာများ ရှိလို့ပါလား။"

စုန့်သခင်မက အံကြိတ်ကာ ပြောလာသည်။
"ငါ့သား ပြောတာမှန်တယ်။ နင်တို့ ဘာကို စောင့်နေကြတာလဲ။"

မင်ရွှမ်းဆိုင်ရှင်က သူတို့ကို အလျင်အမြန် ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လာသည်။
"ကျေးဇူးပြုပြီး အထဲကို ကြွပါခင်ဗျ။"

စုန့်စုန့်ရဲ့ လီရှောင်းနဲ့ လက်ထပ်ထိမ်းမြားမှုသတင်းက မြို့တော်တစ်ခုလုံးမှာ အတော်လေးကို ပျံ့နှံ့နေပြီးသား ဖြစ်သည်။ ဒီလူနှစ်ယောက်စလုံးကို အပြစ်ပြုမိလို့ မရပေ။ ဆိုင်ရှင်က သူတို့ကို အခန်းတစ်ခုအတွင်း ခေါ်သွားပြီး ညင်ညင်သာသာ ပြောလာသည်။
"သခင်မနဲ့ သခင်လေးတို့က ဘယ်လိုပစ္စည်းကောင်းမျိုးကို ရှာနေတာပါလဲ။ ကျောက်မျက်ရတနာတွေလား၊ အလှအပ လက်ရေးလက်သားတွေလား၊ တရုတ်ကြွေထည်ပစ္စည်းတွေလား။"

စုန့်စုန့်က ပြောသည်။
"ကျောက်စိမ်းကောင်းတွေ၊ ရွှေစတွေနဲ့ အနုပညာလက်ရာတွေ...။ စျေးကြီးတာမှန်သမျှ အကုန်ယူလာခဲ့လိုက်။ ခင်ဗျားရဲ့ အကောင်းဆုံးပစ္စည်းတွေနဲ့ စလိုက်ကြရအောင်။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now