(၅၉) နှာဘူး || ႏွာဘူး

19.7K 2.9K 148
                                    

{Unicode}

နှာဘူး
*****


စုန့်စုန့်လည်း လွတ်သွားသည်နှင့်တစ်ပြိုင်နက် သူ့အဝတ်အစားတို့ကို ချက်ချင်း ပြန်လည်ဆွဲဆန့်ပြုပြင် လိုက်ရသည်။

လီရှောင်း စလှုပ်ရှားခဲ့စဉ်ကတည်းက အစေခံများသည် အလျင်အမြန်အကြည့်လွှဲထားကြပြီးဖြစ်၏။ သို့သော် စုန့်စုန့်ရင်ထဲတွင် ရှောင်လွှဲမရနိုင်သော ရှက်ရွံ့မှုကို ခံစားနေရသေးသည်။ လီရှောင်း၏ ဤအမူအကျင့်က အလွန်ကရော်ကမည်နိုင်ပြီီး သူ နည်းနည်းတော့... သည်းမခံနိုင်ပါချေ။

သူ့ခြေထောက်ကို ကြွကာ ပင်မအိမ်တော်ဆီသို့ စတင်လျှောက်လှမ်းလိုက်တော့သည်။ သူ့နောက် လီရှောင်းလိုက်မလာသည်ကို သူ သတိပြုမိသည့်အခါ ရပ်ကာ လှည့်ကြည့်လိုက်၏။ လီရှောင်းက ခပ်သာသာရယ်နေပြီး သူ့ခါးကို ပွေ့ဖက်လာကာ နားနားကပ် ပြောလာသည်။
"ကိုယ်ကတော့ စုန့်အာ စိတ်ဆိုးသွားတယ်လို့ ထင်တယ်နော်။"

သူ အနည်းငယ် စိတ်ဆိုးနေပါ၏။

စုန့်စုန့်က နှုတ်ခမ်းတို့ကို တင်းတင်းစေ့ပိတ်ထားပြီး ပြန်မဖြေ။

....................

မင်္ဂလာဦးည လီရှောင်း အမူးလွန်သွားခဲ့ချိန်မှစ၍ ပုံမှန်ဆိုလျှင် အတော်အသင့်သာ သောက်တော့သည်။ သို့သော်ငြား စုန့်စုန့်ကတော့ သူတို့ပြန်ရောက်သည့်အခါ လီရှောင်းအတွက် အမူးပြေစွပ်ပြုတ်ချက်ပေးရန် စေခိုင်းလိုက်သေး၏။

လီရှောင်းက အဝတ်အစားချွတ်ကာ အိပ်ရာထဲ ဝင်လာသည်။ သူက စုန့်စုန့်ကို အပေါ်မှအုပ်မိုးကြည့်လျက် ဆိုလေ၏။
"စိတ်ဆိုးနေတုန်းပဲလား။"

စုန့်စုန့်က မျက်ဖြူလှန်ပြကာ ပြောသည်။
"ဟင့်အင်း။"

"ကိုယ့်ကို မျက်စောင်းထိုးရဲတယ်ပေါ့လေ? ဒီကိုလာခဲ့။"

"... ..."
စုန့်စုန့် စွပ်ပြုတ်ပန်းကန်ကို ချကာ လျှောက်သွားလိုက်သည်နှင့် လီရှောင်း၏ ဖမ်းယူဖက်တွယ်ခြင်းကို ခံလိုက်ရလေသည်။ သူ့လက်ချောင်းသွယ်သွယ်တို့က လီရှောင်း၏ လက်မောင်းတို့ကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်မိ၏။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now