(၃၀) အထောက်အကူပြုခြင်း || အေထာက္အကူျပဳျခင္း

23.1K 3.4K 142
                                    

{Unicode}

အထောက်အကူပြုခြင်း
*****


"အရှင်?"

စုန့်စုန့်သည် လီရှောင်း၏ လက်ပေါ် အုပ်ကိုင်လိုက်ကာ နောက်သို့ ပြန်ဆွဲခေါ်လာသည်။ သူတို့ပတ်လည်ရှိ စိုးရိမ်ကြောင့်ကြနေကြသည့် လူအုပ်ကြီးသည် ပို၍ပင် စိတ်လှုပ်ရှားကြောက်ရွံ့လာဟန် ပေါ်၏။ လီယွင်၏ မျက်နှာသည်လည်း အလွန့်အလွန် ဆိုးဝါးစွာ ပျက်ယွင်းနေသည်။
လီရှောင်း အထိန်းအကွပ်မဲ့သွားရင် သူနဲ့ ဝေးဝေးမှာနေပြီး သူ့ဘာသာသူပဲ ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားစေတာကပဲ အကောင်းဆုံးဆိုတာကို မသိတဲ့လူ ဘယ်သူရှိလို့လဲ...။
မလုပ်အပ်ဆုံးသောအရာသည် သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ခြင်းပင် ဖြစ်၏။

လူအုပ်ကြီးသည် အသက်အောင့်ထားရင်း တစ်ယောက်ပြီးတစ်ယောက် အနောက်ဆုတ်မိကြသည်။

သို့သော်လည်း လီယွင်သည် ဆက်၍ ကြည့်မနေနိုင်တော့ဘဲ ပြောလာလေသည်။
"ယောက်ဖတော်... ဒီကို မြန်မြန်လာခဲ့ပါ။"

ဤနှစ်ပေါင်းများစွာတွင် သူ၏ အစ်ကိုကြီးသည် တစ်ကိုယ်တည်းသာ နေထိုင်ခဲ့သည်။ သူ၏ အိမ်တော်အတွင်းသို့ သခင်မအဖြစ် ဝင်ရောက်ရန် ကြိုးပမ်းကြသည့် အခြားအာဏာရှိ ပုဂ္ဂိုလ်များ အမြောက်အမြား ရှိပါသော်ငြား ထိုလူတို့ကို သူ လုံးဝ မကြိုက် မနှစ်သက်ခဲ့ကြောင်း လီယွင် သိသည်။ အဆုံး၌ သူ သဘောကျနှစ်သက်သည့်လူတစ်ယောက် ရှိလာပေပြီ။ သူ စိတ်လွတ်နေသည့်အချိန်တွင် သူကိုယ်တိုင် ထိုလူကို သတ်မိသွားခဲ့ပါလျှင် သူ သေဆုံးသည်အထိ နောင်တရသွားရမည်မှာ အသေအချာပင်။

ထိုစဉ်တုန်းက ယခင်ဧကရီဟောင်းဆီ ဖြစ်ပျက်ခဲ့သမျှတို့ကို နောက်တစ်ကျော့ ပြန်လည် ဖြစ်ပျက်စေ၍ မရနိုင်ချေ။

လီယွင်သည် ဘေးဘယ်ညာကို ကြည့်မိသည်။ မည်သူမျှ ရှေ့မတိုးရဲကြချေ။ ဝမ်ကျို့၏ ပါးစပ်ကို ပိတ်ထားဆဲဖြစ်သည့် ပိုင်ရန်ကသာ ဖြည်းဖြည်းချင်း ပြောလာလေသည်။
"မင်းရဲ့ ခြေတွေလက်တွေကို မင်းရဲ့ခန္ဓာကိုယ်ကနေ ဆွဲခွါမခံချင်ရင် ပါးစပ်ပိတ်ထားလိုက်တော့။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now