(၂၅) အပြောင်းအလဲ || အေျပာင္းအလဲ

23.4K 3.7K 229
                                    

{Unicode}

အပြောင်းအလဲ
*****


ကျိရင်း အခန်းတံခါးကနေ ထွက်လိုက်တာနဲ့ အိမ်တော်ထိန်းချီကို တွေ့တာကြောင့် မေးလိုက်မိသည်။
"ခင်ဗျားတို့ရဲ့ ဝမ်ဖေးလေ... သူက ပုံမှန်ဆိုလည်း ထူးထူးဆန်းဆန်းတွေ ပြုမူတတ်တာပဲလား။"

အိမ်တော်ထိန်းချီက သေချာ ပြန်စဉ်းစားပြီးနောက် ဘာမှမသိသလို ပြန်ဖြေလာသည်။
"သမားတော် ပြောချင်တာက...?"

"သူ့ရဲ့ အပြုအမူ ၊ စကားလုံးတွေလေ...။ ဥပမာပြောရရင် သူက ကြုံရာကျပန်း၊ ဒါမှမဟုတ် နားလည်ဖို့ခက်ခဲတာမျိုး ပြောဖူးလား။"

"လုံးဝပဲ။ ဝမ်ဖေးက ပညာတတ်တဲ့သူပါ။ သူက အစေခံတွေကိုတောင် အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာ။"

ကျိရင်းရဲ့ မျက်နှာထားက ထူးဆန်းသွားပြီး
"သူတို့ကိုယ်သူတို့ ကိုယ်ဝန်ရှိနေပြီလို့ ထင်ကြတဲ့ သာမန်အမျိုးသားတွေများ ရှိလား။"

"....."
အိမ်တော်ထိန်းချီ တိတ်ဆိတ်သွားသည်။
"ဝမ်ဖေးက သမားတော်ကို ခေါ်ခိုင်းတာ..."

"ဝမ်ဖေးက ဒေါသအိုး ပေါက်ကွဲနေတဲ့ ဝမ်ရယ့်ကို စိတ်တည်ငြိမ်စေဖို့ အထူးတလည် ပြေးသွားခဲ့တယ်လို့ ခင်ဗျား ပြောတုန်းကတည်းက ထူးဆန်းတယ်လို့တော့ ခံစားမိသား...။ နှစ်ယောက်က သိတာလည်း မကြာသေးဘဲ ဘယ်လိုလုပ်ပြီး နက်ရှိုင်းတဲ့ ဆက်နွှယ်ချက်မျိုး ရှိနိုင်မှာလဲ။ အခု ကျုပ်ကိုပဲ ကြည့်ဦး၊ သူက အလွန့်အလွန် ရူးနှမ်းလွန်းတာကြောင့်သာ သတ္တိတွေ ရှိနေတာ။ ကံကောင်းသွားတာကတော့ တော်သေးတယ်။ နောက်တစ်ခါ ဒီလိုဖြစ်လာရင် ခင်ဗျား သူ့ကို သေချာစောင့်ကြည့်ထားသင့်တယ်။ မတော်တဆ ဝမ်ဖေးကို ဆုံးရှုံးသွားအောင် လုပ်မိပြီး ခင်ဗျားရဲ့ အသက်ကိုပါ မဆုံးရှုံးစေနဲ့။"

အိမ်တော်ထိန်းချီက အဆက်မပြတ် ခေါင်းညိတ်ပြသည်။ ကျိရင်း ဆိုလိုတာကို သူ နားလည်သည်။ နောက်တစ်ကြိမ်သာ ခပ်ရူးရူးဝမ်ဖေးက ဝမ်ရယ်စိတ်ဖောက်နေတုန်း သွားကူခဲ့ရင် သူ ကျိန်းသေပေါက်ကို တားဆီးရမည်။ ဝမ်ရယ်က ဝမ်ဖေးကို မတော်တဆ သတ်မိသွားပြီး ပြန်အသိဝင်လာတဲ့အချိန်ကျရင် ကျိန်းသေပေါက်ကို ထပ်ပြီးရူးသွပ်သွားမှာပင်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now