(၃၈) စုန့်စုန့် || စုန့်စုန့်

21.4K 3.2K 83
                                    

{Unicode}

စုန့်စုန့်
*****


လီရှောင်းက ထိုအမည်နာမကို ထုတ်ပြောလာသည့်အခါ စုန့်စုန့်၏ စိတ်တွင်း၌ အတွေးများစွာ ဖြတ်ပြေးသွားသည်။ လီရှောင်းကို သူ့အစား လက်တုံ့ပြန်မှု ရယူပေးစေချင်သည်။ သို့သော်ငြား သူ စုန့်ကောကိုလည်း အလွန်လျင်လျင်မြန်မြန် မသေဆုံးစေချင်သေးပေ။ ယခင်ဘဝက စုန့်ကောကို ပြန်လည်ခေါ်ယူနိုင်မည့် နည်းလမ်းတစ်ခု ရှိပါစေရန် သူ ဆုတောင်းမိသည်။ သို့မှသာ စုန့်စုန့် သူ့ကို သတ်သည့်အခါ မည်သည့်အတွက်ကြောင့်ဆိုသည်ကို သူ အတိအကျ နားလည်သွားပေလိမ့်မည်။

သို့သော်ငြား တစ်ချိန်တည်းမှာပင် တရားမျှတမှုမရှိသည့် အာရုံခံစားချက်ကြီးသည် သူ့နှာခေါင်းပေါက်အတွင်းသို့ အလျင်အမြန် တိုးဝင်လာကာ သူ့ကို စကားမပြောနိုင် ဖြစ်စေသည်။

လီရှောင်းသည် သူ့မျက်လုံးများမှတစ်ဆင့် အဖြေကို မြင်သွားခဲ့သည်။ လီရှောင်းက အနားသို့ ကပ်လာပြီး စုန့်စုန့်ကို သူ့လက်မောင်းများကြား ထွေးပွေ့ကာ သူ့ကြင်နာသူလေး၏ ဆံစများကို အသာအယာ ကြင်နာစွာ ပွတ်သပ်ပေးလာသည်။ သူက ချော့ချော့မော့မော့ ပြောသည်။
"မင်း သူ့ကို ဘယ်လိုမျိုး သေစေချင်လဲ။"

"ကျွန်တော်... ကျွန်တော် သူ့ကို မညှာမတာ ရိုက်ပစ်ချင်တယ်..."
စုန့်စုန့်သည် မျက်ရည်စများကို သူ့မျက်လုံးတွင်းသို့ မရမက ပြန်လည်သိမ်းဆည်းကာ သူ့လက်ကလေးများနှင့် လီရှောင်း၏ခါးကို ဖက်တွယ်လာ၏။
"သူ့ကို အကြောင်းအရင်းကိုမသိဘဲ မသေခိုင်းချင်ဘူး၊ ဒါပေမဲ့ ကျွန်တော် ကြောက်တယ်။"

"ဒါဖြင့် အရင်ဆုံး သူ့ကို ရိုက်ပဲရိုက်ကြမယ်။"
လီရှောင်းသည် စုန့်စုန့်ကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လာသည်။ အိပ်မက်တစ်ခုအတွင်း၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့အပေါ်၌ အဘယ့်ကြောင့် ဤမျှ အတည်ယူနေကြသည်ကို သူတို့နှစ်ဦးလုံး မေးခွန်းမထုတ်မိကြပေ။ ယခုအချိန်၌ လီရှောင်းသည် လူတစ်ယောက်ကို ရိုက်ရန် အလျင်မလိုပေ။ အိပ်ရာပေါ်တက်ကာ စုန့်စုန့်ကို ဖက်ထားပြီး နူးညံ့စွာ ပြောလာ၏။
"ဆင်းရဲသားတွေကို လှူဒါန်းတဲ့ နေရာမှာတုန်းက..."

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now