(၃၁) အမူးသမား || အမူးသမား

23.1K 3.5K 395
                                    

{Unicode}

အမူးသမား
*****


စုန့်စုန့်သည် လီရှောင်းကို လိုလားတောင့်တစွာ ကြည့်၍နေသည်။ လီရှောင်း၏ မျက်နှာက သူ့ထံ တိုးကပ်လာသည်ကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူကပင် ချက်ချင်း အရှေ့သို့ တိုးကာ နှုတ်ခမ်းချင်း ထိကပ်နမ်းရှိုက်လိုက်တော့သည်။

သူတို့သည် ထိုင်ခုံပေါ်တွင် အတူတူ ထိုင်နေကြခြင်း ဖြစ်ကာ ခန္ဓာကိုယ်များသည် အရှေ့သို့ ကိုင်းနေရင်း နှုတ်ခမ်းများသည် အတူတကွ ဖိကပ်ထိစပ်နေကြသည်။ စုန့်စုန့်၏ မှေးမှိတ်ထားသော မျက်ဝန်းများကို လီရှောင်း မြင်နေရသည်။ ထိုခပ်ရှည်ရှည် မျက်တောင်တို့သည် သူ၏ မျက်ဝန်းများရှေ့၌ လိပ်ပြာတောင်ပံလေးများသဖွယ် လှုပ်ခတ်နေကြသည်။ သူ ခက်ခက်ခဲခဲ မျိုသိပ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ အနောက်သို့ ပြန်ဆုတ်လိုက်သည်။ စုန့်စုန့်သည် မသိစိတ်၏စေ့ဆော်မှုအရ အရှေ့သို့ တစ်လက်မခန့် လိုက်၍တိုးကပ်လာပြန်သည်။ ထိုစဉ် တစ်ဖက်လူ၏ အနည်းငယ်သော ခပ်ဟဟ ရယ်သံကို ကြားလိုက်ရသည်။
"ဒီချိုမြိန်တဲ့ ဆုလာဘ်ကို စုန့်အာ သဘောကျရဲ့လား။"

စုန့်စုန့် မျက်လုံးတို့ ပွင့်လာကာ မျက်နှာသည်တော့ အနည်းငယ် နီမြန်းနေသည်။ သူ၏ နှုတ်ခမ်းတို့ကို ဖိ၍စေ့ပိတ်ကာ ထိုင်ခုံမှ ရုတ်ခြည်း ထရပ်လိုက်ပြီး အဝေးသို့ ရွှေ့လိုက်တော့သည်။

သူ အနည်းငယ် ဒေါသထွက်နေသည်၊ သူ့ကိုယ်သူ ဒေါသထွက်ခြင်းသာ ဖြစ်၏။ အထင်အရှားပင်၊ ယခင်ဘဝတုန်းကဆိုပါလျှင် ကလေးတစ်ယောက်ရရန် သူတို့ တစ်ကြိမ်တစ်ခါမျှသာ လိုအပ်ခဲ့သည်။

ဒီတစ်ခေါက်မှာ ကွဲပြားသွားလိမ့်မယ်လို့ သူက ဘယ်လိုလုပ်ပြီး သိမှာလဲ...။

သူသာ စောစီးစွာ သိရှိခဲ့ပါလျှင် ထိုမင်္ဂလာဦးညတွင် ခင်ပွန်းနှင့်ဇနီးသည်ကြားမှ အပြန်အလှန် ရိုသေလေးစားမှုကဲ့သို့သော ရူးမိုက်တုံးအသည့် အရာတို့ကို သူ အဘယ်တုန်းကမျှ ပြောခဲ့မိမည် မဟုတ်ပေ။ သို့သော်ငြား လီရှောင်းအဖို့ သူက ရုတ်တရက် အေးစက်သွားလိုက်၊ ရုတ်တရက် ပူပြင်းလာလိုက် ဖြစ်နေလေသည်။ ကွယ်ဝှက်ထားသော လှုပ်ရှားမှုတို့သည် သိသာထင်ရှားလာပေမည်။ သို့ဖြစ်ရာ ပင်ကိုအားဖြင့် သူနှင့်အတူ 'ဟုန်းဟုန်းတောက်လောင်နေသော သစ်သားခြောက်များသဖွယ်' အတူရှိချင်ပါသည်ဟု လီရှောင်းအား အဆိုပြု၍လည်း မရချေ။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now